Chapter - 17

409 51 8
                                    

[ Unicode version ]

တစ်ညလုံး လုံးဝမအိပ်ဘဲ အိပ်ယာပေါ်မှာပဲ ငူငူငိုင်ငိုင်နဲ့ထိုင်နေခဲ့သည့် ဟွမ်ကျွင့်ကျယ်မှာ မနက်မိုးလင်းသည်အထိ ယမန်နေ့ညကပုံစံအတိုင်းရှိနေတုန်းပင်။ သူကိုယ်တိုင်ကဝေးကိုတွန်းပို့ပစ်ခဲ့တဲ့ ကျစ်ကွမ်းကိုလည်း တကယ်လို့သူ့ဆီသာပြန်မလာတော့ရင်ရောဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဒီလူဆီကနေလွတ်မြောက်ချင်တဲ့စိတ်တွေကသာကြီးစိုးလို့နေသည်။

ခဏကြာတော့ တံခါးဖွင့်သံကိုကြားလိုက်ပြီး ခြေလှမ်းကျဲကျဲတွေရဲ့လျှောက်လာသံကိုကြားလိုက်ရသည်။ သေချာပေါက်အဲ့ဒီလူဆိုတာသိသာနေတာပါပဲ။

“ ကိုယ်တို့နဲ့တူတူ မနက်စာစားရအောင် ရှောင်ဟွမ် ”

ဟွမ်ကျွင့်ကျယ်ဘက်ကဘာမှပြန်မဖြေလာတဲ့အခါ လုပိုင်ဟူက သက်ပြင်းအသာချပြီး ကျွင့်ကျယ်လက်ကိုဆွဲလိုက်ပေမယ့် ကျွင့်ကျယ်က ပြန်ရုန်းထွက်လိုက်သည်။

“ မစားဘူး ”

ပြတ်သားစွာနဲ့ ငြင်းလိုက်ခြင်းအပေါ် ပိုင်ဟူက အလေးထားပုံမရ။ ဘာစကားမှပြောမနေဘဲ ဟွမ်ကျွင့်ကျယ်ကို ဆွဲမလိုက်ကာပင် ခေါ်သွားတော့သည်။

“ ခင်ဗျားဘာလုပ်တာလဲ! အောက်ပြန်ချပေး ကျွန်တော့်မှာခြေထောက်တွေပါတယ် ”

“ ခြေထောက်တွေပါလည်း မင်းခြေထောက်တွေကကိုယ်နဲ့ဆိုဘယ်မှမလိုက်ချင်ဘူးမလား ”

ထိုစကားကြောင့် ဟွမ်ကျွင့်ကျယ်က နှုတ်ဆိတ်ကာပင်ငြိမ်ကျသွားတော့သည်။ ကိုယ့်အပေါ်လည်းမချစ်ဘဲ ဒီလောက်ခါးခါးသီးသီးဖြစ်နေတဲ့လူကို အပင်ပန်းခံပြီးအနားမှာခေါ်ထားတဲ့ လုပိုင်ဟူရဲ့စိတ်ကို ကျွင့်ကျယ်အမှန်တကယ်ပဲနားမလည်နိုင်လွန်းတယ်။

ထမင်းစားခန်းထဲရောက်တော့ ပိုင်ဟူက ကျွင့်ကျယ်ကို ခုံပေါ်ချပေးကာထိုင်စေလိုက်ပြီး သူကတော့ တစ်ဖက်ခုံမှာဝင်ထိုင်သည်။

“ ဆရာကိုကို လာပြီလား ”

မျက်နှာချင်းဆိုင်ကကြားလိုက်ရတဲ့ ပိုင်ဟွားလေးရဲ့အသံကြောင့် ပြန်ထဖို့ပြင်နေတဲ့ ဟွမ်ကျွင့်ကျယ်မှာ မချိတင်ကဲပြုံးကာပင် ပြန်ထိုင်ချလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုတွယ်တာတဲ့ ကလေးမလေးတစ်ယောက်ဆီမှာတော့ ဘာအပြစ်မှမရှိဘူးပဲမလား။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now