Chapter - 14

343 57 14
                                    

[ Unicode version ]



ကိုယ့်ပိုင်ဆိုင်မှုမဟုတ်ဘဲ တပ်မက်မိတဲ့အခါ သေချာပေါက်အမှားတွေကိုဖြစ်လာစေမှာပဲ။ နက်ကတိုင်ကိုဆွဲချပြီး ခုံပေါ်ပစ်ထိုင်လိုက်တဲ့ လုပိုင်ဟူက အံ့ကိုကြိတ်ကာပင် အသက်ကိုပြင်းပြင်းရှူရှိုက်နေသည်။ သေချာပေါက် သူအရမ်းစိတ်တိုနေခဲ့တာ။

“ ဦးငယ် ”

အိမ်ပေါ်ထပ်ကနေပြေးဆင်းလာပြီး သူ့ဆီကိုရောက်လာတဲ့ ပိုင်ဟွားလေးကြောင့် ပိုင်ဟူက လက်ဆန့်တန်းပြီး မျက်နှာကိုပြုံးထားလိုက်သည်။ သူကဘယ်လောက်ပဲမကောင်းတဲ့သူဖြစ်ပါစေဦး ပိုင်ဟွားအပေါ်ကိုတော့ အဲ့ဒီအရာတွေမသက်ရောက်စေချင်ခဲ့ဘူး။ တစ်ဦးတည်းရှိတဲ့ တူမလေးပေပဲမဟုတ်ပါလား။

“ ဦးငယ်...ဆရာကိုကိုက မလာတော့ဘူးလားဟင်၊ ပိုင်ဟွားကိုစာသင်ပေးလို့မရမှန်းသိပါတယ် ဒီတိုင်းပိုင်ဟွားက ဆရာကိုကို ကိုတွေ့ချင်တာ ”

ကျွင့်ကျယ်မလာလို့ အမြဲတမ်းမေးနေတဲ့ ပိုင်ဟွားကို ပိုင်ဟူအပေါ်ယံပြောပြထားခြင်းကြောင့် ကျွင့်ကျယ်မျက်လုံးတွေနဲ့ပတ်သတ်ပြီးတော့ ပိုင်ဟွားက သိထားသည်။ ကလေးဆိုပေမယ့် ဘာကဘာဆိုတာ အနည်းငယ်နားလည်နေတာကြောင့် အရမ်းဂျီကျခဲ့ခြင်းမရှိပေမယ့် သတိရရင် ရသလိုတော့ ဆရာကိုကို ကိုတွေ့ချင်တယ်ဆိုပြီး ပိုင်ဟူ့ကို ပူဆာတတ်သည်။ တစ်ခဏလေးအတွင်းပါပဲ ပိုင်ဟူ့နှလုံးသားထဲကိုရော ပိုင်ဟွားဘဝထဲကိုပါ အဲ့ဒီကောင်လေးကဝင်လာနိုင်ခဲ့တာ။ စိတ်ချင်းပြိုင်ရင် မင်းကနိုင်ပါလိမ့်မယ် ရှောင်ဟွမ်။

“ ပိုင်ဟွားက ဆရာကိုကို ကိုအရမ်းတွေ့ချင်လို့လား ”

“ အင်း ”

ပိုင်ဟွားကခေါင်းကိုတဆက်ဆက်ငြိမ့်ပြသည်။

“ ဒါဆို ဆရာကိုကို ကို အမြဲတမ်းဒီမှာခေါ်ထားလိုက်ရင်ရော ”

ထိုစကားကြောင့် ပိုင်ဟွားလေးက ခဏတာငြိမ်သက်သွားပြီးတော့မှ ခေါင်းငြိမ့်လာခဲ့သည်။

“ အင်း ဆရာကိုကိုသာပိုင်ဟွားတို့နဲ့လာနေရင် ပိုကောင်းတယ် ”

ကလေးကတော့ ကလေးအတွေးပဲရှိပါလိမ့်မည်။ သူတွယ်တာက ဆရာကိုကိုတစ်ယောက်တည်းပဲ။ အကောင်းအဆိုးနဲ့ဖြစ်ပျက်သမျှကို ကလေးမလေးတစ်ယောက်က ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now