Chapter - 18 [ Final ]

535 55 21
                                    

[ Unicode version ]

လက်ဖဝါးနွေးနွေးတွေရဲ့အထိအတွေ့နဲ့အတူလိုက်ပါလာရခြင်းအပေါ် ကျွင့်ကျယ်က အားနာစိတ်တစ်ချို့ရှိနေခဲ့သည်။ သူကိုယ်တိုင်ရက်ရက်စက်စက်အဝေးကိုထွက်သွားပေးဖို့တောင်းဆိုခဲ့မိတယ်မဟုတ်ပါလား။

ကျွင့်ကျယ်က ရုတ်တရက်လမ်းလျှောက်နေတာကိုရပ်လိုက်တော့ ကျစ်ကွမ်းကလည်းအလိုလိုရပ်တန့်သွားသည်။

" ဘာဖြစ်လို့လဲကိုကို ၊ ညောင်းလာလို့လား နေဦး ကားငှားလိုက်မယ် "

ကျစ်ကွမ်းဆီကကြားလိုက်ရတဲ့အသံနဲ့ စကားတွေက ဘာမှမဖြစ်ခဲ့သလိုပဲ။ တကယ်ပဲ ကျစ်ကွမ်းကအဲ့တာကိုဘယ်လိုမှသဘောမထားတာလား။

" ကွမ်းကွမ်း.. "

ကျစ်ကွမ်းကားငှားဖို့ပြင်လိုက်ပေမယ့် ကိုကိုက သူ့လက်တွေကိုပြန်ဆွဲထားခြင်းကြောင့် ကျစ်ကွမ်းလည်း ကိုကို့ဘက်ကိုသာပြန်လှည့်လိုက်သည်။

" ကိုကို့ ကို စိတ်မဆိုးဘူးလား.. မဟုတ်ဘူး တစ်ခုခုမေးစရာများမရှိဘူးလား "

ကိုကို့ စကားကြောင့် ကျစ်ကွမ်းက တစ်ချက်သာသာလေးပြုံးပြီး ကိုကို့လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်လိုက်သည်။

" မရှိဘူး...ကိုကိုဘာပဲလုပ်လုပ် အဲ့တာက ကျွန်တော့်ကြောင့်ပဲဆိုတာကို သံသယကင်းကင်းနဲ့ယုံတယ် ၊ အဲ့တာကြောင့် ဘာမှမတွေးဘဲ ကျွန်တော်တို့ အိမ်ပြန်ရအောင်ပါနော် "

ခပ်နွေးနွေးစကားလုံးတွေက နှလုံးသားကစိုးရိမ်စရာတွေကို ဖယ်ရှားပေးသည်။ ကျွင့်ကျယ်က ဟန်ဆောင်မနေတော့ဘဲ ခေါင်းလေးကိုငုံ့ပြီး ငိုပါတော့သည်။ ကျစ်ကွမ်းမရှိတဲ့ ဒီရက်တွေမှာ သူဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကို ပြန်တွေးရမှာတောင်မဝံ့ရဲတယ်။

ကိုကို ငိုနေတာကို သတိထားမိသွားတဲ့ ကျစ်ကွမ်းကတော့ ဘာစကားမှမပြောတော့ဘဲ ကိုကို့ ကိုခပ်တင်းတင်းလေးဖက်ထားပေးလိုက်သည်။ စကားတွေနဲ့နှစ်သိမ့်စရာတောင်မလိုတဲ့ထိ အခုလိုမျိုး တစ်ယောက်ဘေးမှာတစ်ယောက်ရှိနေတာကိုက အထိရောက်ဆုံးနှစ်သိမ့်ရာတစ်ခုဖြစ်ခဲ့တာပဲလေ။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now