Chapter - 6

470 58 7
                                    

[ Unicode version ]

“ နိုးပြီလား ကွမ်းကွမ်း ”

အိပ်မှုံ့စုတ်ဖွားနဲ့ ထမင်းစားခန်းထဲရောက်လာတဲ့ ကျစ်ကွမ်းကို ကျွင့်ကျယ်က မနက်စာပြင်နေရင်းလှမ်းပြောလိုက်သည်။ မနေ့ညက အတော်လေးရေချိန်ကိုက်ထားတဲ့ ကျစ်ကွမ်းကတော့ ကိုကို့ ကိုတောင် ပြန်မဖြေနိုင်ဘဲ ခုံမှာဝင်ထိုင်ပြီး စားပွဲပေါ်ခေါင်းမှောက်နေလိုက်သည်။

ကျွင့်ကျယ်က သက်ပြင်းအသာချပြီး အရက်နာကျတာသက်သာအောင်ဟင်းရည်တစ်ခွက်ယူလာကာ ကျစ်ကွမ်းဘေးကိုချပေးလိုက်သည်။

“ ကဲ ထ! အဲ့တိုင်းထပ်လှဲနေလည်း ခေါင်းပိုကိုက်လာတာပဲရှိမှာပေါ့ ဒါလေးသောက်လိုက် ”

ထိုတော့ ကျစ်ကွမ်းက ခေါင်းထောင်ကြည့်သည်။ ဒီလောက်ခေါင်းမကြည်တာတောင် ကိုကို့မျက်နှာလေးမြင်ရတော့ ကျစ်ကွမ်းကအလိုလိုနေရင်းမပြုံးဘဲမနေနိုင်တော့ဘူး။

ကျစ်ကွမ်းက ကိုကို့ ကိုလက်ကဆွဲပြီးဘေးကခုံမှာထိုင်ခိုင်းလိုက်သည်။

“ ကိုကို ခွံ့ပေး ”

“ ကလေးလား ကိုယ့်ဘာသာသောက် ၊ကိုကို လုပ်စရာရှိသေးတယ် ”

“ ကိုကိုကလည်း ကျွန်တော့်ကိုမသနားဘူးလား၊ ဒီမှာကြည့် လက်ချောင်းလေးတွေတောင် မလှုပ်နိုင်တော့ဘူး ”

မူယာမာယာပိုကာပင် လက်ကိုမြှောက်ပြပြီး ငိုမဲ့မဲ့ပြောလိုက်တော့ ထုံစံအတိုင်း ကိုကိုကပဲအလျော့ပေးလာသည်လေ။

“ ဟ ”

ကိုကိုက ဟင်းရည်ကိုမပူအောင် နှုတ်ခမ်းလေး ခပ်ဆူဆူလုပ်လို့ မှုတ်ပေးပြီး ကျစ်ကွမ်းရှေ့တိုးပေးတော့ ကျစ်ကွမ်းက တပြုံးပြုံးနဲ့သောက်သည်။ ဒီအတိုင်း ကိုကိုမျက်နှာကိုထိုင်ကြည့်နေရတာနဲ့တင် ကျစ်ကွမ်းဘဝက ပျော်စရာကောင်းနေပါပြီ။ ဖြစ်နိုင်ရင် ကျစ်ကွမ်းက ကိုကို့ ကို အိတ်ကပ်လေးထဲထည့်ပြီး သွားလေရာခေါ်သွားချင်တာ။ အဲ့တာမှ ပင်ပန်းလာတဲ့အခါတိုင်း အိတ်ထဲကထုတ်ပြီး နမ်းလို့ရမှာလေ။

ခဏလောက်ကြာတော့ ကျစ်ကွမ်းအလုပ်သွားရမယ့်အချိန်ကနီးလာတာကြောင့် ရေမိုးချိုးပြီး ကိုကိုပြင်ပေးထားတဲ့ မနက်စာကိုစားလို့ ကိုကို့အားနှုတ်ဆက်ကာပင် ထွက်လာခဲ့ရတော့သည်။ ကျစ်ကွမ်းသွားခါနီး ကိုကို့ မျက်နှာလေးအနည်းငယ်ပျက်နေတာကို မြင်လိုက်ရတဲ့ကျစ်ကွမ်းမှာစိတ်မကောင်းဖြစ်ပေမယ့် ဘာကိုမှမတက်နိုင်ဘဲ လျစ်လျူရှုလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် နောက်နေ့တွေကြရင် ကိုကို မပျင်းရအောင် ကျစ်ကွမ်းကတစ်ခုခုလုပ်ပေးကြည့်ဦးမှပါပဲ။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now