Chapter - 4

616 58 12
                                    

[ Unicode version ]

( Warning !! Includes adult scene. )

“ အဲ့ဒီဘက်က အဖွဲ့မှူးချုပ်ရှ လားမသိဘူး ”

လေဆိပ်ဆင်းဆင်းချင်း ရှပ်အပြည့်ဝတ်ထားတဲ့လူတစ်ယောက်မှာ ရှကျစ်ကွမ်းတို့အနားကိုရောက်လာကာမေးမြန်းလိုက်ခြင်းဖြစ်သည်။

“ ဟုတ်ပါတယ် ”

“ အာ ကျွန်တော့်ကို ဒါရိုက်တာလုက အဖွဲ့မှုးချူပ်ရှကိုလာကြိုခိုင်းထားလို့ပါ ၊ ဒီအတောအတွင်း နေရမယ့်‌နေရာကိုပါ စီစဉ်ပေးထားပါတယ် ”

ရှကျစ်ကွမ်းကပြုံး၍ပင်ခေါင်းငြိမ့်လိုက်သည်။ ရှန့်ဟိုင်းကုမ္ပဏီခွဲက ဒါရိုက်တာက လက်အောက်ငယ်သားတွေအပေါ်တာဝန်ယူစိတ်အပြည့်ရှိတယ်ဆိုတာကြားဖူးပြီးသားပင်။ ဒါပေမယ့် အခုလိုစီစဉ်ပေးထားမယ်လို့တော့မထင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် နစ်နာတာမှမဟုတ်ဘဲနဲ့လေ။

“ ဒါဆိုလည်း လမ်းပြပေးပါဦး အကူအညီတောင်းပါတယ် ”

“ ဒီဘက်ကိုကြွပါ ”

ရှကျစ်ကွမ်းက တစ်လမ်းလုံးတိတ်ဆိတ်နေတဲ့ ကိုကို့လက်ကိုသေချာဆုပ်ကိုင်ပြီး ထိုလူနောက်ကိုလိုက်သွားလိုက်သည်။ မြို့ထဲကထွက်လာကတည်းက ကိုကိုစကားမပြောတော့တာကို ကျစ်ကွမ်းက သတိထားမိသည်။ နဂိုထဲက စကားအရမ်းပြောတဲ့သူမဟုတ်တာကြောင့် နေရာအသစ်ရောက်တဲ့အခါ ပိုပြီးလူတွေနဲ့ကင်းကွာသွားမယ့် ကိုကို့ ကိုတွေးမိပြန်တော့ ကျစ်ကွမ်းကပြန်ပြီးအားနာလာရသည်။

ကားပေါ်ရောက်တော့လည်း ကိုကိုကဘာစကားမှမပြောဘဲ ကျစ်ကွမ်းပုခုံးကိုမှီရင်းလိုက်လာခဲ့သည်။ တစ်ရွေ့ရွေ့သွားနေတဲ့ကားကြောင့် တစ်ဖြတ်ဖြတ်နဲ့ ကျော်လွန်သွားတဲ့လမ်းမီးတိုင်တွေကိုသာတစိမ့်စိမ့်ငေးနေခဲ့လိမ့်မည်။ ရှန့်ဟိုင်းလေကတောင် ဒါလျန်မြို့နဲ့အရမ်းကွာခြားတာပဲ။

“ ရောက်ပါပြီ ဒါက ကွန်ဒိုရဲ့သော့ပါ ”

ကျစ်ကွမ်းက သော့ကိုလက်ခံယူထားလိုက်ပြီး ကျေးဇူးတင်ကြောင်းဆိုလို့ တစ်ဖက်လူကတော့ တာဝန်အရပါလို့ပြောပြီး ကွန်ဒိုထဲကနေပြန်ထွက်သွားခဲ့သည်။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now