[ Unicode version ]
ခေါင်းထဲသံစုံခေါင်းလောင်းတွေမြည်နေသလိုခံစားရသည်။ လူကနုံးချိချိနဲ့နေရတာအဆင်မပြေလှ။ မျက်လုံးတွေဖွင့်လိုက်ချင်းချင်းပဲ စိတ်ထဲတစ်ခုခုကအရင်ဆုံးတိုးဝင်လာခဲ့သည်။
ဟွမ်ကျွင့်ကျယ်ရဲ့မျက်နှာဟာ သွေးပျက်လုနီးနီးဖြစ်သွားသည်။ သူတကယ်ပဲညကအကြောင်းတွေကိုအကုန်မှတ်မိနေခဲ့တယ်။ သူ့ကိုလိုက်ပို့ခဲ့တာ လုပိုင်ဟူဖြစ်ပြီး ဧည့်ခန်းထဲမှာရှိနေခဲ့စဉ်က သေချာပေါက်ရှကျစ်ကွမ်းမဟုတ်ခဲ့ပေ။
ကျွင့်ကျယ် ကိုယ့်ခေါင်းကိုယ်သာခပ်ပြင်းပြင်းထုရိုက်နေမိတော့သည်။ သူ့ဘက်ကစခဲ့တာဖြစ်လို့ အရမ်းကိုအားနာပြီး ရှက်ရွံ့နေမိသည်။ ကျွင့်ကျယ် တကယ်အဲ့ဒီလူကိုမျက်နှာမပြဝံ့တော့ဘူး။
ပြီးတော့...ကျစ်ကွမ်းရော။
ကျွင့်ကျယ် မြန်မြန်ဆန်ဆန်ပဲ အိပ်ခန်းထဲကပြေးထွက်သွားလိုက်သည့်အခါ ထမင်းစားခန်းထဲနောက်ကျောပေးကာရပ်နေသည့်ကျောပြင်တစ်ခုကိုတွေ့လိုက်ရသည်။ တစ်ခဏလောက်ရပ်ကြည့်နေတုန်းမှာပဲ သူ့ဘက်ကိုလှည့်လာတဲ့ မျက်နှာကိုမြင်လိုက်ရတာကြောင့် သက်ပြင်းပင်ချလိုက်မိတော့သည်။
“ ကွမ်းကွမ်း ”
ခေါ်သံကြားတာကြောင့် ကျစ်ကွမ်းခေါင်းမော့လိုက်တဲ့အချိန်မှာပဲ ကိုကိုက သူ့အရှေ့ကိုပြေးလာပြီး ပွေ့ဖက်လိုက်တာကြောင့် ကျစ်ကွမ်းကလည်း ကိုကို့ခါးတွေကိုပြန်ဖက်ထားလိုက်သည်။ တကယ်တော့ မနေ့ညက ဒါရိုက်တာလုက သူ့ဆီကိုဆက်သွယ်လာခဲ့တယ်။ လုကောက ကိုကိုမူးနေလို့အိမ်ပြန်လိုက်ပို့ခဲ့တယ်လို့ပြောတယ်။ တော်ရုံမသောက်တဲ့ ကိုကိုကဘာစိတ်ကူးနဲ့များမူးအောင်သောက်ခဲ့လဲမသိပေမယ့် ကျစ်ကွမ်းက ကိုကိုစိတ်အနှောက်အယှက်ဖြစ်အောင်မမေးချင်ပါဘူး။
အမူးသမားလေးကတော့ ညက ကျစ်ကွမ်းပြန်ရောက်လာကတည်းက အိပ်ပျော်နေတာဖြစ်ပြီး ခုလည်း ဆံပင်ထောင်ထောင်လေးတွေနဲ့ သူ့ကိုလာဖက်ပြန်ပြီလေ။ အလုပ်လည်းမသွားချင်တော့ဘဲ ကိုကို့ ကိုပဲတစ်ချိန်လုံးထိုင်နမ်းချင်လိုက်တာ။
YOU ARE READING
𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗
Fanfictionအချစ်ကဆူးညှောင့်ခလုတ်တွေကြားကနောက်ဆုံး ဆုလာဘ်လေးတစ်ခုဖြစ်တယ်။ 𝚇𝚒𝚊 𝚉𝚑𝚒𝙶𝚞𝚊𝚗𝚐 ღ 𝙷𝚞𝚊𝚗𝚐 𝙹𝚞𝚗𝙹𝚒𝚎 𝐒𝐭𝐚𝐫𝐭 - 𝐌𝐚𝐫𝐜𝐡 11 , 2024 𝐄𝐧𝐝 - 𝐌𝐚𝐲 13 , 2024