Chapter - 16

329 44 5
                                    

[ Unicode version ]

အဖြစ်အပျက်တွေကမြန်လွန်းလို့ ကျစ်ကွမ်းဘာကိုမှလိုက်မတွေးတောနိုင်တော့တာတောင် စိတ်ထဲမှာတော့ ကိုကိုတစ်ယောက်ကိုသာပူပန်နေမိသည်။ ထူးဆန်းစွာပဲ နာရီပိုင်းလောက်အကြာမှာ သူ့ကိုဖမ်းချုပ်ထားရာကနေ လွှတ်ပေးလာခဲ့တာမို့ ကျစ်ကွမ်းလည်း ဘာကိုမှမတွေးနိုင်တော့ဘဲ အရင်ဆုံးကိုကို့ ကို ထားခဲ့တဲ့နေရာကိုသာပြေးထွက်လာခဲ့လိုက်သည်။

ဟော်တယ်ကိုရောက်တော့ ပူပြင်းတကြီးဖြစ်နေတဲ့စိတ်က ပိုလို့ပူလောင်လာသယောင်။ ဗလာနတ္ထိဖြစ်နေတဲ့အခန်းနဲ့ ဟော်တယ်တာဝန်ခံတွေရဲ့ သူတို့ဌားခဲ့တဲ့အခန်းကပြန်အပ်သွားပြီဆိုတဲ့စကားတွေက ကျစ်ကွမ်းကိုလှောင်ပြောင်နေသလိုပင်။

ကျစ်ကွမ်းဖုန်းကိုသတိရသွားပြီး ကိုကို့ဆီကိုသာတန်းခေါ်လိုက်တော့သည်။ စက္ကန့်ပိုင်းလေးပေမယ့် စောင့်ဆိုင်းရတာကို ကျစ်ကွမ်းကစိတ်မရှည်တော့ပါဘူး။ စိတ်မငြိမ်မသက်မှုကြောင့် လက်သီးဆုပ်ကိုလည်းဘေးနားက နံရံဆီဖိကပ်ထားမိသေးသည်။

“ ကိုကို!! ကိုကို အခုဘယ်မှာလဲ ”

ဖုန်းဝင်သွားသည်နှင့် ကျစ်ကွမ်းက အလောတကြီးမေးလိုက်ပေမယ့် ကိုကို့ဖက်ကတော့ စက္ကန့်ပိုင်းလောက်ကြာမှ လေသံခပ်အေးအေးနဲ့ပြန်ဖြေလာခဲ့သည်။

“ ဒါရိုက်တာလုအိမ်ကိုလာခဲ့ ကွမ်းကွမ်း ”

ကိုကို့ဆီကပထမဆုံးထွက်လာတဲ့စကားကြောင့် ကျစ်ကွမ်းက ပိုလို့ပူပန်သွားရသည်။

“ အဲ့ဒီလူ! ကိုကို့ ကိုဘာလုပ်ပြန်ပြီလဲ!! ကျွန်တော်လာခဲ့မယ် ”

ကျစ်ကွမ်းက တစ်စက္ကန့်လေးတောင် မနှောင့်နှေးစေ‌ဘဲ ဖုန်းကိုချက်ချင်းချပြီး အနီးနားက အငှားယျာဉ်ကို လှမ်းတားကာ အလောတကြီးဖြင့်ထွက်လာခဲ့လိုက်သည်။ ဒေါသနဲ့ပူပန်မှုတွေကြားထဲ ကျစ်ကွမ်းကအလူးအလဲပဲ။ သူ့ခန္တာကိုယ်တစ်ခုလုံးချွေးတွေရွှဲလို့ တကယ်ကိုပူလောင်နေခဲ့တာ။

ကားစီးလာရတဲ့အချိန်ကသိပ်မကြာပေမယ့်လည်း ကျစ်ကွမ်းကတော့ အရမ်းကိုစိတ်လောနေတာမို့ လုပိုင်ဟူအိမ်ကိုရောက်ရောက်ချင်းပဲ အထဲကိုအပြေးဝင်သွားသည်။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now