Chapter - 15

322 52 11
                                    

[ Unicode version ]

ခုံပေါ်ကို ဘုန်းခနဲရိုက်ချလိုက်ပြီးထားလိုက်တဲ့ စာအိတ်တစ်ခု။

« အလုပ်ထွက်စာ! »

ကျစ်ကွမ်းက မျက်စိရှေ့မှာ ထိုင်နေတဲ့လူအား နီရဲရဲမျက်လုံးတွေနဲ့ကြည့်ကာပင် ပေးလိုက်ခြင်းဖြစ်ရာ တစ်ဖက်လူကတော့ သူ့ကိုကြည့်ပြီး ပြုံးရယ်ကာသာနေသည်။ ကျစ်ကွမ်း ဒီလူကို သတ်ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်နေရတာ။ အရင်နေ့က မြင်ကွင်းကိုပြန်သတိရတိုင်း လူကောင်းတစ်ယောက်ဆက်မလုပ်ချင်တော့အောင်ပါပဲ။

“ အဲ့သလိုမျိုးလွယ်လွယ်နဲ့ရှောင်ထွက်သွားလို့ရမလား ကျစ်ကွမ်းရဲ့! မင်းလုပ်ခဲ့တာတွေအတွက် တာဝန်ယူသွားဦးမှပေါ့ ”

ထူးဆန်းလွန်းတဲ့စကားအသွားအလာကြောင့် ကျစ်ကွမ်းရဲ့မျက်ခုံးတန်းတွေကပိုလို့တွန့်ချိုးလာခဲ့သည်။ သူဟာတစ်ဖက်လူကို အဲ့သလောက်မယုတ်မာလောက်ပါဘူးလို့ တွေးခဲ့မိတယ်ထင်ရဲ့။ စိတ်ကွယ်ရာရဲ့အမှောင်မိုက်ဆုံးဘက်ခြမ်းကိုသတိမပြုနိုင်ခဲ့ဘူး။

မကြာခင်မှာပဲ ရုံးခန်းထဲကို ရဲနှစ်ယောက်ရောက်လာပြီး တစ်ခဏအတွင်းပဲ ကျစ်ကွမ်းလက်ကိုလက်ထိပ်ဖြင့်ခတ်လိုက်သည်။ အံ့ဩမှုကြောင့် ကျစ်ကွမ်းက ခဏတာလောက်ဘာစကားမှမပြောနိုင်ခဲ့ဘူး။

“ ခင်ဗျားတို့ဘာလုပ်တာလဲ ”

လုပိုင်ဟူက စာရွက်စာတန်းတွေတစ်ပုံကြီးကို ကျစ်ကွမ်းရှေ့က စားပွဲပေါ်လှမ်းပစ်လိုက်သည်။

“ ဒါက မင်းအလွဲသုံးစားလုပ်ခဲ့တဲ့ ကုပ္မဏီရှယ်ယာရဲ့အကျိုးအမြတ်တွေ! အဲ့တာတွေအကုန်လုံး မင်းလုပ်ခဲ့တဲ့စာရင်းတွေပဲလေ ဟုတ်တယ်မလား ”

လုပိုင်ဟူက မျက်ခုံးတစ်ဖက်ကိုပင့်လို့ နှုတ်ခမ်းတွေကွေးညွတ်ရင်း သူ့ကိုယ်သူအောင်နိုင်သူတစ်ယောက်လိုမျိုး ကျစ်ကွမ်းအားကြည့်ရင်းပြောသည်။

ကျစ်ကွမ်းရဲ့လက်တွေကအလိုလိုတင်းကြပ်ပြီးသားဖြစ်လို့ ဒေါသကြောင့် နှဖူးကအကြောတွေပင်ထင်းလာတော့သည်။ ဒါက တမင်ကြံစည်ထားမှန်းသိသာနေတာမဟုတ်ဘူးလား။ ကျစ်ကွမ်း ဒီဟာတွေကိုလုပ်ခဲ့တာမှန်ပေမယ့် အဲ့တာကို သူတစ်ယောက်တည်းလုပ်ခဲ့တာမဟုတ်ဘူး သူ့အဖွဲ့ကလူတွေအားလုံးနဲ့တူတူလုပ်ခဲ့တာ။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now