Chapter - 11

410 59 25
                                    

[ Unicode version ]

“ လာ ကိုကို ဒီမှာထိုင် ”

ကျစ်ကွမ်းက ကိုကို့လက်ကလေးတွေကို တင်းတင်းဆုပ်ကိုင်ထားပြီး ဆိုဖာပေါ်မှာ သေချာထိုင်ခိုင်းလိုက်သည်။ ကိုကိုက ရုတ်တရက်ကြီးဘာမှမမြင်ရတော့တာမျိုးမို့ သွားရလာရတာလုံးဝအဆင်ပြေဘူးဆိုတာသိသာတယ်လေ။

“ ကိုကိုရေသောက်မလား ”

“ အင်း ”

ကျစ်ကွမ်းမေးတော့ ကိုကိုက ခေါင်းလေးနှစ်ချက်လောက်ငြိမ့်ပြီးပြန်ဖြေလာတာမို့ ကျစ်ကွမ်းလည်းကိုကို့ ကို ခဏထိုင်ခိုင်းထားခဲ့ပြီး မီးဖိုခန်းထဲပြေးဝင်ကာ ရေတစ်ခွက်ထည့်လာခဲ့လိုက်သည်။ ကိုကို့ဆီကိုရောက်တော့ ရေခွက်ကို ကိုကို့ လက်ကလေးထဲသေချာထည့်ပေးကာသောက်စေပြီး ကိုကို့နှုတ်ခမ်းလေးတွေကနေ အနည်းငယ်စီးကျလာတဲ့ရေတွေကို ကျစ်ကွမ်းက အသာသုတ်ပေးလို့ ရေခွက်ကိုပြန်ယူလိုက်သည်။

“ ကိုကို အိပ်ချင်နေပြီလား ”

ကျစ်ကွမ်း မေးခွန်းကို ကိုကို ကခေါင်းလေးငြိမ့်လို့သာဖြေသည်။ ကိုကိုကအခုထိ စကားပြောချင်စိတ်မရှိသေးဟန်ပါပဲ။ ကျစ်ကွမ်းရင်ထဲမကောင်းပေမယ့် အခုချိန်မှာ ကိုကို ကလွဲရင်ဘယ်သူကဒီခံစားချက်ကိုနားလည်နိုင်မှာလဲ။ ကျစ်ကွမ်းက ကာယကံရှင်မဟုတ်တာကြောင့် ကိုကို့အပေါ်နှစ်သိမ့်ပေးရုံသာတတ်နိုင်မှာပဲလေ။

“ လာ ကျွန်တော်တို့သွားအိပ်ကြမယ် ”

ကျစ်ကွမ်းက ကိုကို့ရဲ့တစ်ဖက်ပုခုံးကနေသိမ်းကြုံးပွေ့ဖက်ထားရင်းပြောလိုက်ပြီး အဲ့အတိုင်းလေးပဲ ကိုကို့အားထိန်းကိုင်ပေးရင်း အိပ်ခန်းထဲကိုခေါ်သွားလိုက်သည်။

အိပ်ယာပေါ်ကိုကို့အားဖြည်းဖြည်းချင်းတင်ပေးလိုက်တော့ ကိုကိုက ဘေးနားကိုလက်ကလေးတွေနဲ့စမ်းပြီးလှဲလိုက်တာမို့ ကျစ်ကွမ်းလည်းဘေးကနေဝင်လှဲပြီး ကိုကို့အားအရင်အတိုင်းပဲ ရင်ခွင်ထဲထည့်လို့ဖက်ထားလိုက်သည်။ ခပ်နွေးနွေး‌ကိုယ်လေးကိုရင်ထဲထွေးပွေ့ရတိုင်းမှာ ကျစ်ကွမ်းကမ္ဘာဟာနိဗ္ဗာန်ပါပဲ။

“ ကိုကို.. ကျွန်တော် မကြာခင် အလုပ်ပြန်ဝင်ရတော့မှာ၊ ကိုကို အိမ်မှာတစ်ယောက်ထဲအဆင်ပြေပါ့မလား ကျွန်တော်ကိုကို့ ကိုစောင့်ရှောက်ဖို့လူတစ်ယောက်ခေါ်ထားလိုက်ရင်ကောင်းမလား ”

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now