Arc 2🗡86🗡သစ်သားနီ

435 33 0
                                    

Chapter (86) Arc 2
သစ်သားနီ

"သခင်လေး"

သခင်​လေး၏ အသွင်အပြင်ကို မြင်လိုက်ရတော့ မုယန်ဖုန်းသည် ခဏတာ အံ့အားသင့်သွားပြီးမှ လုရွှမ်၏ လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးသံကို ကြားလိုက်ရသည်။

"ဝယ်လိုက်!"

"ဟုတ်ကဲ့!"

မုယန်ဖုန်းသည် သူ့စကားကို မငြင်းဝံ့ဘဲ ခေါင်းညိတ်လိုက်သည်။

"ရွှေစ ၂ သန်း!"

"ပစ္စည်းကိုသိတဲ့ မိတ်ဆွေတစ်ယောက် ရှိတာပဲ... တတိယ သီးသန့် အခန်းက မိတ်ဆွေက စျေးနှုန်းကို ခေါ်လိုက်ပါပြီ... နှစ်သန်းလောက်က များပေမယ့် ဒီအရာအတွက် သေချာပေါက် အရှုံးတော့ မရှိပါဘူး"

ဈေးခေါ်သူ တစ်ဦးရှိသည်ကို မြင်လျှင် ဆရာကြီး မိုဟောင်သည် သက်ပြင်းချကာ ဆက်လက် တရားဟော​လေသည်။

"သစ်သား​လေး တစ်ခြမ်းဝယ်ဖို့ နှစ်သန်းတောင် ထုတ်တယ်? ဒီနံပါတ် ၃ သီးသန့်အခန်းရဲ့ အမြင်က သိပ်မကောင်းဘူး ထင်တယ်!"

"ရွှေသံနဲ့တူတဲ့ တစ်စုံတစ်ခုကို ဝယ်ဖို့ သုံးသန်းလောက် ကုန်သွားမှာလေ ပိုက်ဆံတွေကို မီးရှို့နေတာနဲ့ မတူဘူးလား?"

"ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ဘာမှမဆိုင်ဘူး... ငါတို့က ငါတို့ရဲ့စွမ်းအင် အားလုံးကို နောက်ဆုံးတစ်ခုထဲကိုပဲ ထည့်ထားလိုက်မယ်!"

"ဈေးဘယ်လောက်ပဲရှိရှိ အဓိပတိအဂ္ဂိရတ်ဆေးကို ရမှဖြစ်မယ်"

နံပါတ် ၃ သီးသန့်အခန်းတွင် စျေးနှုန်းကို ခေါ်လိုက်ခြင်းက အခြားသူများကို မသွေးဆောင်ခဲ့ပေ။ ထိုအစား အော်ငေါက်သည့် စကားလုံးများသာ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏ အမြင်တွင် လေလံပွဲ စင်မြင့်ပေါ်ရှိ အရာသည် သစ်သားတုံး တစ်တုံးသာဖြစ်ပြီး ဤမျှ ကြီးမားသော ရွှေစနှစ်သန်း တန်ဖိုးရှိမည်မဟုတ်သည်မှာ သေချာပါသည်။

ဝယ်လိုက်သူက အရူးသာ ​ဖြစ်လိမ့်မည်။

"ဆရာကြီး ဝယ်ချင်လို့လား?"

အခန်းထဲမှာတော့ လုရွှမ်ရဲ့ ဆုံးဖြတ်ချက်ကို ကြားတာနဲ့ ကူယမှာ အေးခဲသွားလေ၏။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now