Arc 3🗡88🗡ကုသခြင်း

382 34 0
                                    

Chapter (88) Arc 3
ကုသခြင်း

"ခုနက ပြောခဲ့သလိုပဲ ပိုးကောင်တွေက နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာသာ နေထိုင်နိုင်ပြီး ပူလွန်းရင် ဒါမှမဟုတ် အေးလွန်းရင် အသက်မရှင်နိုင်တော့ဘူး...ဒီလိုအခြေအနေမျိုးမှာ ကုသမှုနည်းလမ်းက အရမ်းရိုးရှင်းပါတယ်"

လုရွှမ်က သူ့ရှေ့က စပျစ်နွယ်ပင်ကြီးကို ကြည့်ပြီး

"ဆီစည် တစ်ရာနဲ့... ရေခဲတုံး တစ်သောင်း ပြင်ထားလိုက်!"

"ဆီလောင်မှာလား? ပြီးတော့ ရေခဲတုံး?"

ဆေးဝါးသခင်မချန်သည် လုရွှမ် ဘယ်လိုဆေးမျိုးတွေ ပြင်ဆင်မလဲ ဒါမှမဟုတ် အထူးကုသနည်း တစ်ခုခုကို သုံးမလားဟု တွေးခဲ့ပေမယ့် ဒီနှစ်ခုကို တောင်းဆိုလာဖို့ စိတ်ကူးမယဉ်ဖူးချေ။

မီးထွန်းရန် ဆီသုံးလေ့ရှိကြပြီး ရေခဲတုံးများဖြင့် အအေးခံကြသည်။ ရောဂါတစ်မျိုးကို ကုသရန် အကျိုးသက်ရောက်မှု သိပ်ရှိပုံ မပေါ်ပါ။

သို့သော် ယခုအချိန်တွင် အလွန်အမင်း တွေးတောရန်မှာ အသုံးမဝင်ကြောင်း သိလျက်နှင့် ထိုလူငယ်သည် ထိုကဲ့သို့ အမိန့်ပေးသည်မှာ သူ့ကိုယ်ပိုင် အစီအစဉ် ရှိရမည်ဖြစ်သောကြောင့် ချက်ချင်း စကားသိပ်မပြောဘဲ နောက်ကွယ်မှ အ​စေခံကို အမြန်သွား၍ ပြင်ဆင်ရန် ပြောလိုက်သည်။

ဆေးဥယျာဉ် တစ်ခု၏ စွမ်းဆောင်ရည်မှာ မျှော်လင့်ထားသည့်အတိုင်း နာရီဝက် မပြည့်မီတွင် လိုအပ်သည့် အရာအားလုံးကို ပြင်ဆင်ပြီး ကျွမ်းကျင်သူများစွာက ၎င်းတို့ကို ရှေ့သို့ ယူဆောင်လာခဲ့သည်။

"ကျွန်မတို့ အခု ဘာလုပ်သင့်လဲ"

ဆေးဝါးသခင်မချန်က တစ်ချက် ကြည့်လိုက်သည်။

"အကိုင်းအခက် အရွက်၊ အမြစ်တွေ မခွဲခြားဘဲ မီးလောင်နေတဲ့ ဆီစည် ၁၀၀ ကို မြေကြီးပေါ် လောင်းချပြီး မီတာ ၅၀၀ အနက်ရှိတဲ့ တွင်းကြီးတခုကို ဒီမှာ တူးလိုက်.... ပြီးတော့ ရေခဲတွေ အားလုံးကို မြှုပ်ထားလိုက်"

လုရွှမ်သည် စပျစ်နွယ်ပင်များ တစ်လျှောက် လှည့်ကြည့်ကာ ခဏလောက် ရှာဖွေပြီး နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now