Arc 3🗡155🗡ပျံသန်းခြင်း

383 35 0
                                    

Chapter (155) Arc 3
ပျံသန်းခြင်း

"ဒီရတနာတွေကို သိမ်းယူလိုက်!"

အံ့အားသင့်စွာ ငိုချ​တော့မည့် ထျန်ကျွင့်နမ်ကို လျစ်လျူရှုပြီး လုရွှမ်သည် သူ့ရှေ့က ခြေလေးချောင်း ကြေးနီကြက်ကို ကြည့်ကာ ပြောလိုက်သည်။

"ကု....ကု!"

ခြေလေးချောင်း ကြေးနီကြက်သည် လုရွှမ်ကို မျက်စောင်းထိုးကာ အော်လိုက်ပြီး သူ့အမိန့်ကို လျစ်လျူရှုသလို ဂူအတွင်းဘက်သို့ လျှောက်သွားသည်။

"အစ်ကိုကြီး... ခြေလေးချောင်း ကြေးနီကြက်က သဘာဝအတိုင်း မွေးလာကတည်းက စိတ်ဓာတ်မာပြီး အရမ်းဂုဏ်မောက်တယ်.... တစ်ခုခု လုပ်​စေချင်တိုင်း ကြိုကျွေးရမယ်"

ကြေးနီကြက်၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ထျန်ကျွင့်နမ်က ရှက်ရွံ့စွာ ပြောလိုက်သည်။

ခြေလေးချောင်း ကြေးနီကြက်သည် သဘာဝ သတ္တဝါဖြစ်ပြီး အခြားသူများ၏ အမိန့်ကို ပေါ့ပေါ့ဆဆ နာခံရန် မည်သို့ ဖြစ်နိုင်မည်နည်း။  ထျန်မိသားစုမှ လူများသည် ရတနာများကို ရှာဖွေလိုလျှင်ပင် ၎င်းတို့ကို ကြိုတင်ကျွေးမွေးထားရန် လိုအပ်ပြီး ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကျေနပ်စေရမည် ဖြစ်သည်။

"မင်း သွေးကိုကျွေးဖို့ ဆိုလိုတာလား"

လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်ပါတယ်!" ထျန်ကျွင့်နမ် ခေါင်းညိတ်၏။

သူတို့ ထျန်မိသားစုက ခြေလေးချောင်း ကြေးနီကြက်ကို စိတ်လိုလက်ရ ကျွေးမွေးနိုင်ရတဲ့ အကြောင်းရင်းက သူတို့မှာ လျှို့ဝှက်ချက်နည်းတွေ ရှိတာကြောင့် မဟုတ်ဘဲ သူတို့မျိုးနွယ်စုရဲ့ ကိုယ်ပိုင်သွေးနဲ့ ကျွေးရတာကြောင့်ပင်။

"အဲ့လောက် အလုပ်ရှုပ်စရာ မလိုဘူး!"

တစ်ဖက်လူရဲ့ သွေးကို ကျွေးချင်တယ်လို့ ကြားတဲ့အခါ လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး ရှေ့တစ်လှမ်းတိုးကာ ကြေးနီကြက်ဆီ ရောက်လာ၏။

"မင်းမသယ်ချင်ဘူးလား?"

"အွတ်!"

ကြေးနီကြက်သည် မာနကြီးသော မျက်နှာထားရှိပြီး ငါသည် ဝိညာဉ်သတ္တဝါ ဖြစ်ကြောင်းနှင့် ဘယ်သူ့ကိုမှ မကြောက်သည့် ပုံစံအတိုင်း ရပ်နေသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now