Arc 3🗡70🗡အမည်စာရင်းပေးခြင်း

449 44 1
                                    

Chapter (70) Arc 3
အမည်စာရင်းပေးခြင်း

ဤလိုင်ယန်သည် ယွမ်ချီနယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားပြီ။ ဆိုလိုသည်မှာ သူ၏ခွန်အားသည် ၄ သန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့အသက်အရွယ်အရ ကြည့်လျှင် သူသည် အသက်၂၀ ကျော် ခန့်သာရှိသေးသည်။

"တိတ်တိတ်နေမယ်!"

တာဝန်ခန်းမ အလယ်တွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၍ ၎င်းတို့နှစ်ဦး စကားပြောဆို နေကြပြီးနောက် အဖိုးအိုတစ်ဦး လှမ်းထွက်လာသည်။

အဘိုးအို၏ အသက်ရှုသံများ တဖျတ်ဖျတ်ခတ်ကာ ကျားမျက်လုံးများ ကဲ့သို့ စူးစူးဝါးဝါး တောက်ပလျက် မြင်လိုက်သူတိုင်းရဲ့ နှလုံးသားထဲတွင် တုန်တုန်ယင်ယင် ဖြစ်လာစေသည်။

"သူ့ခွန်အားက အကြီးအကဲလုံယွမ်ထက် မနိမ့်မှာကို ကြောက်ရတယ်!"

ကြည့်လိုက်ပြီးနောက် လုရွှမ် ခဏအတွင်း နားလည်သွားသည်။

ဤအဘိုးအို၏ ခွန်အားသည် အကြီးအကဲလုံယွမ်ထက် မနည်းတော့ဘဲ သူသည် အသွင်ကူးပြောင်း​ခြင်း နယ်ပယ်၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်ဖြစ်နေပြီ။

"ဒါက တာဝန်ခန်းမရဲ့ အကြီးအကဲ ရောင်းရွှီးပါ...အကယ်ဒမီရဲ့ ထိပ်တန်း အကြီးအကဲ ဆယ်ယောက်ထဲက တစ်ယောက်" လျောက်ချင်းက ရှင်းပြသည်။

"လူတိုင်း စုစည်းလိုက်ပါ.... တစ်ယောက်ယောက်က သတင်းလွင့်​ပြီးသား ဖြစ်မှာပါ!"

ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အကြီးအကဲ ရောင်းရွှီးက ကျယ်လောင်စွာ ပြောလိုက်ပါ၏။

အသံသည် ရှင်းလင်း ပြက်သားစွာ ထွက်လာပြီး အောက်မှမည်သူမျှ အဓိပ္ပါယ်မရှိသော စကားများကို မပြောဝံ့ကြပေ။ ခဏတာမျှသာ တာဝန်ခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည့် သူ့စကားများကိုသာ ကြားနိုင်လေသည်။

"မှန်တယ်.... ဒါဟာ အနှစ်တစ်ရာမှာ တစ်ကြိမ်သာ ပွင့်တဲ့ ရှန့်ခုန်းချိုင့်ဝှမ်း ဖြစ်တယ်... ရှန့်ခုန်းချိုင့်ဝှမ်းက ပေရွှီးအင်ပါယာရဲ့ နယ်ပယ်အတွင်း အန္တရာယ်အရှိဆုံး နေရာဖြစ်ပြီး အဲဒီထဲမှာ အန္တရာယ်တွေ အများကြီး ရှိတယ်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ် ရောက်ထားရင်တောင် ဝင်သွားပြီးရင် အပြင်ထွက်ဖို့ ခက်လိမ့်မယ်!"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now