Arc 3🗡68🗡​သေတဲ့အထိအရိုက်ခံရတယ်

401 43 0
                                    

Chapter (68) Arc 3
​သေတဲ့အထိအရိုက်ခံရတယ်

"ဒါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁ရဲ့ ​ပြီး​ပြည့်စုံ​ခြင်း အဆင့်ပဲ!"

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁ရဲ့ ​ပြီး​ပြည့်စုံ​ခြင်းအဆင့်?? မင်းပြောချင်တာက စီနီယာလုံယိဖျင်က အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့် နှောင်းပိုင်းအဆင့်နဲ့ အထွတ်အထိပ်အဆင့်... အဆင့် လေးခုကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့ပြီး ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားတာလား?"

"မှန်တယ်.... ကြောက်စရာ ကောင်းချက်ပဲ အဆင့်တစ်ခုလုံးရဲ့ အောင်မြင်မှုတွေကို ရအောင် စီနီယာလုံက ဝိညာဥ်စွမ်းအင်တွေ အများကြီး စုဆောင်းထားတာပဲ!"

"သူဟာ အပြင်​ခြံဝန်းမှာ နှစ်အတော်ကြာအောင် နံပါတ်တစ် ဖြစ်ခဲ့တာ အံ့သြစရာ မဟုတ်ပေမယ့် ထိုးဖောက်ဖို့ မအောင်မြင်ခဲ့ပါဘူး.... ဖောက်ထွက်ပြီးတာနဲ့ သူအရမ်း အစွမ်းထက်လာတာပဲ!"

လုံယိဖျင်ရဲ့ အောင်မြင်မှုကနေ ထွက်ပေါ်လာတဲ့ ရောင်ဝါကို ခံစားလိုက်ရတော့ ခန်းမထဲက လူတိုင်းဟာ ထိတ်လန့်ပြီး စကားမပြောနိုင် ဖြစ်သွားကြသည်။

အခြားသူများ ထိုးဖောက်သွားပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပထမအဆင့်၏ အစောပိုင်းအဆင့်ကိုသာ ရောက်ရှိနိုင်သော်လည်း လုံယိဖျင်ကတော့ အဆင့်ငယ်များစွာကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့သည်။ ဤတစ်ခုတည်းမှပင် သူ၏စုဆောင်းမှုသည် မည်မျှထူထပ်သည်ကို တွေ့မြင်နိုင်သည်။

"လုရွှမ် တော်တော်မိုက်တာပဲ.... သူအဆင့်တက်နေချိန် အခွင့်ကောင်းယူရင် တကယ်ပဲ အောင်နိုင်လိမ့်မယ်... ဒါပေမဲ့ အခုတော့ မဖြစ်နိုင်လုနီးပါး ဖြစ်နေပြီ!"

"ဟုတ်တယ်.... သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ သေးငယ်တဲ့နယ်ပယ်မှာ ခွန်အားတွေတိုးလာမှာ မဟုတ်ပေမယ့် သက်တမ်းကတော့ တိုးလာမှာပဲ.... တိုက်ပွဲရဲ့အသိဉာဏ်နဲ့ နားလည်မှု နှစ်ခုစလုံးက ခုန်ပျံကျော်လွှားပြီး တိုးတက်လာမှာ.... လက်ရှိစီနီယာ လုံယိဖျင်က  အရင်ကထက် နှစ်ဆ ပိုသန်မာလာပြီ!"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now