Arc 3🗡119🗡ရှောင်းယွင့်ထျန်း ငိုချင်သော်လည်း မျက်ရည်မကျ

345 29 0
                                    

Chapter (119) Arc 3
ရှောင်းယွင့်ထျန်း ငိုချင်သော်လည်း မျက်ရည်မကျ

"ဟုတ်တယ်... လူတိုင်းက ဒီမှာ အတိအကျ ရွေးချယ်နိုင်တယ် ဘာကြောင့် ကူညီရမှာလဲ"

"ဒီအမြင်နဲ့ဆို ငွေထုတ်ဖို့သော့ကို ကိုင်ထားသလိုပဲ.... တခြားသူတွေအတွက် ဘယ်လို အလုပ်လုပ်နိုင်​တော့မလဲ?"

"ကျွန်တော်လည်း ဒီလိုပဲထင်ခဲ့တာ။ သူသဘောမတူနိုင်မှန်း ကျွန်တော်သိပါတယ် ဒါကြောင့် ကျွန်တော်လည်း မမေးခဲ့ဘူး"

အနီးနားရှိ လူများသည် သူတို့နှစ်ဦးကြားက စကားစမြည်များကို ကြားလိုက်ကြပြီး တစ်ချိန်တည်းတွင် ခေါင်းယမ်းလိုက်ကြသည်။

ဒီရှောင်းယွင့်ထျန်းဟာ အကြောင်းအရာတွေကို ငြင်းခုံနိုင်တဲ့ အစွမ်းထက်တဲ့ စွမ်းရည်ရှိသည်။ သူငွေရှာချင်ရင် သူ့ဘာသာသူ ဝယ်နိုင်ပါ၏။ ဘာပဲဖြစ်ဖြစ် သူပိုက်ဆံ မဆုံးရှုံးဘဲ တည်ငြိမ်တဲ့ အမြတ်ငွေကို ရပါလိမ့်မယ်။ ကံကြမ္မာက အခုနက ကောင်လေးနဲ့ အတူတူပါပဲ။

ဒီလိုစွမ်းရည်မျိုးနဲ့ တခြားသူရဲ့ ပေါင်ကို ဖက်စရာ မလိုပါဘူး။

"မင်းမှာ အမြင်အာရုံကောင်း ရှိရင်တောင် တစ်ချိန်လုံး တိကျဖို့ဆိုတာ မဖြစ်နိုင်ဘူး! ကောင်လေး ငါ့ကိုကူ ရွေးပေးပါ... ရွေးချယ်မှု အတူတူပါရင် ပိုက်ဆံဝေစု ခွဲပေးမယ်...  မင်းသာ ဝင်ငွေရှိပေမယ့် အရှုံးမရှိပါဘူး

ဖက်တီးက လူတိုင်းရဲ့ စကားကို လျစ်လျူရှုပြီး ပြောလိုက်သည်။

"ကျွန်တော် မရွေးဘူး"

ရှောင်းယွင့်ထျန်းက သူ့အကြောင်းသူ သိပြီးသားပင်။ ရိုးရိုးသားသား ပြောရရင် လုရွှမ်ရွေးချယ်ခဲ့တဲ့ အရာကို လုံးဝ မမြင်နိုင်ခဲ့ဘူး။ အခုလည်း ဘယ်ဟာက ဝိညာဥ်ကျောက်တုံး ၁သန်းတန်တဲ့ အရာက ဘယ်ဟာလဲ သူမသိတော့ဘူးလေ။

"မရွေး​ပေးဘူးလား" ဖက်တီးက မျက်စောင်းထိုးကာ

“သေချာလား” ဟုထပ် မေး​လေသည်။

"ဟုတ်တယ်!"

ရှောင်းယွင့်ထျန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပေမယ့် သူစကားမဆုံးခင်မှာ သူ့မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်တာကို တွေ့လိုက်ရ၏။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now