Arc 3🗡125🗡ဖော်ထုတ်ခြင်း (ဒုတိယပိုင်း)

382 38 0
                                    

Chapter (125) Arc 3
ဖော်ထုတ်ခြင်း (ဒုတိယပိုင်း)

"ကျွန်တော် တစ်ခုပဲ ထပ်ရွေးပါ့မယ် ကျွန်တော့်ကံက မဆိုးပါဘူး.... သခင်ကျန့် ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး ထပ်ပေးဖို့ တောင်းဆိုပါတယ်"

ရတနာအဆောက်အအုံ သခင်ကျန့်၏ ခိုင်ခံ့ မာကြောသော စကားကို ကြားတော့ ရှောင်းယွင့်ထျန်း၏ အမူအရာသည် ရုပ်ဆိုးသွားကာ တစ်ချိန်တည်းမှာ တုန်လှုပ်သွားခဲ့သည်။

"ကံက မဆိုးဘူးလား? အမှန်အတိုင်း ပြောရရင် ငါက အဆင့်၈ ရှစ်တန်း ရတနာအကဲဖြတ်သူ ဂိုဏ်းဆရာ တစ်ယောက်ဖြစ်ပေမယ့် ရတနာရဲ့ မျက်နှာပြင်ပေါ်က ဖုန်တွေကို မသန့်စင်ဘဲ ပစ္စည်းတစ်ခုက ကောင်းလား ဆိုးလားဆိုတာ မသိနိုင်ဘူး။ မင်းလို အဆင့်၉ ရတနာအကဲဖြတ်သူလေးက လုပ်နိုင်တယ်လို့ ပြောချင်တာလား?? ငါမင်းကို​သခင် ရာထူးတောင် ပေးလိုက်သင့်ပြီ!"

ကျန့်ပိုင်လျဲ့၏ အသံသည် ခေါင်းလောင်းကြီးတစ်ခုလို ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြေပြင်သည်ပင် အဆက်မပြတ် တုန်ခါသွားစေသည်။

"ကျွန်တော်....."

ရှောင်းယွင့်ထျန်း တစ်ကိုယ်လုံး အေးခဲသွားပြီး သူ့မျက်နှာကလည်း ဖြူဖျော့သွားသည်။ အဆင့်၈ ဂိုဏ်းဆရာ တစ်ယောက်ကတောင် ဒီရတနာတွေရဲ့ အခြေအနေမှန်ကို မမြင်နိုင်တာ သူ့စကားတွေက တကယ်ကြွားဝါစရာကောင်းတဲ့ ဒီစွမ်းရည်ရှိတယ်လို့ ပြောတာပဲမလား။

"မင်းကို ငါပြောဖို့ အခွင့်အရေးတစ်ခုပဲ ပေးမယ်.... ဘာလို့ဒီလို ဟန်ဆောင်ရတာလဲ? မင်း လုရွှမ်ရဲ့ ရတနာကို ရွေး​ပေးခဲ့တာလား ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ရွေးခဲ့တာလား! ရိုးရိုးသားသား ပြောရင် မင်းအတွက် ငါ မင်းအသက်ကို ချန်ထားပေးနိုင်တယ်..."

ကျန့်ပိုင်လျဲ့က ဆက်၍ ပြောနေပြီး သူ့မျက်လုံးများသည် လျှပ်စီးလက်နေသကဲ့သို့ ဤမျက်လုံးများရှေ့တွင် မည်သူမဆို ဟန်ဆောင်မှု ပျောက်ကွယ်သွားကာ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်မည်ဖြစ်သည်။

"ကျွန်တော်...."

ဒီမျက်လုံးတွေကို ကြည့်ရင် ရှောင်းယွင့်ထျန်းဟာ ပြိုင်ဘက်ရှေ့မှာ ကိုယ်လုံးတီးနဲ့ ရပ်နေပုံရသလို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်လို့ မရတော့ချေ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now