Arc 3🗡126🗡တောင်းပန်ချင်တယ်

360 29 0
                                    

Chapter (126) Arc 3
တောင်းပန်ချင်တယ်

အကြီးအကဲဖန့် စိတ်ထဲတွင် ပထမဆုံး ဝင်လာတဲ့ ခံစားချက်မှာ မယုံနိုင်လောက်အောင် အံ့သြနေမိခြင်းပင်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ့ရှေ့က ဘယ်သူလဲ။ အဆင့်၈ ရတနာအကဲဖြတ် ဂိုဏ်းဆရာ တစ်ယောက်ဖြစ်ပြီး ပေရွှီးအင်ပါယာတွင်ပင် မရှိသော ရတနာများကို အကဲဖြတ်နိုင်စွမ်း ရှိသူပင်။ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော နိုင်ငံများကို ပေါင်းထည့်ထားသော်လည်း ၎င်းသည် ပထမအဆင့်တွင် ရှိနေနိုင်ပါသည်။

သူက ဆယ်ကျော်သက် ကျောင်းသားတစ်ယောက်လောက် မတော်ဘူးလို့ ဝန်ခံခဲ့တာလား။

သူပြောတာ မှန်ရဲ့လား။

"ဒါကအမှန်ပါပဲ"

သူမယုံတာကို မြင်တော့ ရတနာအဆောက်အအုံ သခင်ကျန့်က မြ​ရောင်ဝါးကို အရင်ဝယ်ခဲ့တုန်းက ဖြစ်ပျက်ခဲ့တာကို ခါးသက်စွာပြုံးပြီး ရှင်းပြလိုက်လေ၏။ နောက်ဆုံးမှာ

"ငါတို့ရတနာ အကဲဖြတ်သူတွေက တစ်သက်မှာ အမှားသုံးခါပဲ လုပ်ခွင့်ရှိတာကို မင်းသိထားသင့်တယ်.... ငါ့မှာရှိတယ်... ငါအရင်က အမှားနှစ်ခု လုပ်ထားပြီးသား ဒီတစ်ခါ သူငါ့ကို မသတိပေးခဲ့ရင် ငါအမှားကြီး မှားသွားမှာကို ကြောက်ရတယ်...  သခင်ရာထူးက ဖယ်ရှားလိုက်တာဟာ အပေါ့ပါးဆုံး ဖြစ်နေပြီ ပိုဆိုးတာက ငါ့ဘဝရဲ့ ကျော်ကြားမှုတွေ အချည်းနှီး ဖြစ်သွားလိမ့်မယ်!"

"မြ​ရောင်ဝါးမှာ ရှိတဲ့ နာကြည်းမှုတွေကိုတောင် မြင်နိုင်တယ်တဲ့လား"

အကြီးအကဲဖန့် စိတ်ထဲ အထိတ်တလန့် ဖြစ်သွားပြီး သူ့မျက်လုံးများသည် မြေပြင်ပေါ်သို့ ကျသွားတော့မည့်နှယ် ပြူးကျယ်သွားသည်။

တစ်ဖက်သား ပြောတာကို နားထောင်ရတာ ပုံပြင်ပြောပြတာနဲ့ အတူတူပဲလို့ ဘာလို့များ ခံစား​နေရတာလဲ။

မြ​ရောင်ဝါး၏ စစ်မှန်မှုကို ပိုင်းခြားရန် အလွန်ခက်ခဲပါသည်။ ဝါးရဲ့ စွမ်းအင်ကို ကြည့်ရုံဖြင့် နာကြည်းမှုရှိကြောင်း ပြောနိုင်လောက်အောင် ထူးဆန်းလွန်းပါသည်။ အဘယ်ကြောင့် ဤမျှလောက် မရိုးရှင်းဟု ခံစား​နေရသနည်း။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now