Arc 3🗡151🗡ကျောက်နံရံ

325 29 0
                                    

Chapter (151) Arc 3
ကျောက်နံရံ

အုန်း!

ဖီးနစ်၏မီးသည် အအေးဒဏ်ကို ခံနိုင်ရည် ရှိ​စေပြီး ရွှေရောင်အရှိန်ဖြင့် ထိန်းချုပ်ထားသောကြောင့် လုရွှမ်၏ တစ်ကိုယ်လုံးသည် ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နေသည်။ ရေထဲတွင် ရှိနေသော်လည်း သူ၏အရှိန်ကို လုံးဝ မထိခိုက်ပေ။

"သံသယ ဖြစ်စရာ မလိုဘူး.... သူက အဓိပတိနယ်ပယ် မဟုတ်တာ သေချာတယ်!"

လမ်းကို ဦးဆောင်နေသော ထျန်ကျွင့်နမ်သည် လုရွှမ်၏ လှုပ်ရှားမှုများကို မြင်ပြီး ခေါင်းယမ်းပြန်​လေသည်။

အရင်က သံသယ ခြေရာတွေ ကျန်ရှိ​နေသေးရင်တောင် အခု နောက်ဆုံးမှာတော့ ထိုခြေရာတွေ ပျောက်သွားပြီ။

သူ့အမြင်အရတော့ သူ့ရှေ့က လူငယ်က ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားသား စားနေတာ သေချာလေ၏။

ဒီရေကန်ထဲက အအေးဓာတ်က သူ့ကို ခံနိုင်ရည်ရှိစေဖို့ ခဲယဉ်းပါသည်။ တစ်ဖက်လူက ဘာမှမပြင်ဆင်ထားတာသလို ဝိညာဥ်စွမ်းအင်လည်း ထုတ်မသုံးထားဘဲ အဓိပတိနယ်ပယ်မှာ ဒီလိုလုပ်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ။

"သူ့အစွမ်းက ငါ့ထက် ပိုအားကောင်း​နေမှာကို ကြောက်ရတယ်.. အနည်းဆုံး သူ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ထက် ကျော်လွန်နေ​လောက်ပြီ!"

နောက်ကွယ်မှ လိုက်လာသော သင်းခွေချပ်သည် သေမျိုးအသွင်ပြောင်းခြင်း အဆင့်၈၏ ပြီးပြည့်စုံသော အဆင့်က ဝိညာဉ်သားရဲ ကိုယ်တိုင်ဟာ သန်မာသော ကိုယ်ထည်ရှိပြီး သူ့အတွက် အလွန်ပုံမှန်ဖြစ်သည့် အေးမြသော လေဒဏ်ကို ခံနိုင်ရည် ရှိသည်။

လူငယ်သည် လူသားတစ်ဦး ဖြစ်ပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိရန် သူ၏ ခန္ဓာကိုယ်ကိုသာ တစ်ယောက်တည်း အားကိုးရန် မဖြစ်နိုင်သော်လည်း ယခုအခါတွင် မျက်နှာအမူအရာ အပြောင်းအလဲ မရှိချေ။ သူ၏ ခွန်အားသည် သူ့ထက်သာလွန်ကြောင်း ပြသနိုင်လောက်အောင်ပင် ပြောင်းလဲသွားခဲ့သည်။

လူငယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို သူတောင် မမြင်နိုင်ဘူး!

လူနှစ်​ယောက်နှင့် သားရဲတစ်ကောင်သည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသော်လည်း ရေကန်၏ အောက်ခြေသို့ မရောက်နိုင်​သေးဘဲ တစ်နေကုန် ရေခတ်ပြီးနောက်မှ အရှေ့ဘက်က လမ်းကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်သွားသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now