Arc 3🗡92🗡ယင်းယန်နယ်ပယ်ကို သတ်ပစ်ပြီ

375 29 0
                                    

Chapter (92) Arc 3
ယင်းယန်နယ်ပယ်ကို သတ်ပစ်ပြီ

"ကိုယ့်ကိုကိုယ် ဖောက်ခွဲချင်နေတယ်ပေါ့.... အဲဒီလောက် မလွယ်ဘူး!"

သူ့လုပ်ရပ်ကို မြင်သော် လုရွှမ်က အနည်းငယ်ပြုံးကာ နောက်ဆုတ်သွားမည့်အစား ရှေ့တိုးလာကာ ဖီးနစ် အတောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း လူတစ်ကိုယ်လုံး အလွန်မြန်သော မြှားတစ်စင်းကဲ့သို့ မျက်လုံးတစ်မှိတ် အတွင်းမှာပင် တစ်ဖက်လူဆီသို့ ရောက်လာ၏။

"သေလိုက်စမ်း!"

မထင်မှတ်ပဲ သူ့ဆီ ပြေးလာတာကို မြင်တဲ့အခါ ထိုလူသည် ဓားရှည်နဲ့ ထိုးလိုက်သည်။

"ဟမ့်!"

စိတ်ဝိညာဉ် လှုပ်ခါမှုနှင့်အတူ အနီရောင်ရှိသောသစ်သားသည် ဓားရှည်ကြီးကို ပိတ်ဆို့လိုက်ပြီး လုရွှမ်က ၎င်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

နဂါးဆင်ရွှေလက်ဝါး!

ဗုန်း!

လက်ဝါးက တစ်ဖက်လူ၏ ရင်ဘတ်ပေါ်သို့ တိကျစွာ ကျရောက်သွားသည်။

အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်သို့ ရောက်သောအခါ ဝိညာဥ်ချီ တစ်ခုတည်းဖြင့် စွမ်းအား ၆သိန်းဖြင့် ကြီးမားသော အင်အားကိုအသုံးပြုနိုင်ပြီး နဂါးဆင်ရွှေလက်ဝါး၏ မြှင့်တင်မှုနှင့်အတူ စွမ်းအား ၉သိန်းကို အသုံးပြုနိုင်သည်။

ခန္ဓာကိုယ်တွင် ခွန်အား ၁ သန်းရှိပြီး လက်မောင်းတွင် ဝိညာဉ်သခင်၏ စွမ်းအားနှင့် အခြား ခွန်အား ၁ သန်းရှိ​သေးသည်။

အားလုံးကို ပေါင်းလိုက်လျှင် သူ့တွင် ၂.၉ သန်း အပြည့်ရှိသည်။ ပြိုင်ဘက်၏ ခွန်အား၅ သန်းနှင့် သေချာပေါက် ကွာဟချက်ရှိသော်လည်း ၎င်းသည် ကြီးကြီးမားမား မဟုတ်တော့ပေ။

ဖုန်း ဖုန်းဖုန်းဖုန်း!

သူ၏လက်ဖဝါးကို ထိမှန်ပြီးနောက် ထိုရုပ်လွှာသည် ခြေလှမ်းအနည်းငယ် ဆက်တိုက် နောက်ပြန် ဆုတ်သွားကာ မိမိကိုယ်ကို ပေါက်ကွဲအား ရပ်တန့်သွားကာ ချက်ချင်းပင် တုန့်ပြန်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သေစမ်း!"

အပြင်းအထန် ဒဏ်ရာရနေလို့ ပြိုင်ဘက်နှင့် ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း သိလိုက်ရသဖြင့် ထိုလူသည် သူ့ကိုယ်သူ ပေါက်ကွဲရန် ခွန်အားကို ထပ်မံစုဆောင်းမိသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now