Arc 3🗡75🗡ဆေးဥယျာဥ်

452 43 1
                                    

Chapter (75) Arc 3
ဆေးဥယျာဉ်

သားရဲဌာနခွဲမှူးမှ ခန်းမသခင် ဖြစ်လာပြီး ဆေးဥယျာဉ်တာဝန်ခံကို ဆေးသခင်ဟု ခေါ်​သည်။

တကယ်တော့ ဆေးဝါးဆေးပင် ပြုစုပျိုးထောင်ခြင်းသည် အသိပညာ တစ်မျိုးဖြစ်ပြီး အသေးစိတ် ဆေးဝါးပညာရှင်၊ ဆေးဆရာစသည်ဖြင့် အဆင့်များလည်း ရှိပါသည်။

ကျင့်​ကြံသူများကို စံနမူနာယူ၍ ဆေးဆရာများသည် တိုက်ခိုက်ရေး ကျင့်ကြံသူများနှင့် ဆက်ဆံကြပြီး ဆေးပညာရှင်များသည်လည်း ကျင့်ကြံသူများနှင့် အဆက်အဆံ ပြုကြသည်။ ဆေးဆရာများသည် သားရဲထိန်းဂိုဏ်းဆရာ များနှင့် အတူတူပင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၌ ရှိသော ဆေးပင်များကို ပြုစုပျိုးထောင်နိုင်သည်။

ဆေးသခင်ဟု ခေါ်သော အမည်မှာ အဆင့်သတ်မှတ်ချက်ကို မဆိုလိုဘဲ ဆေးဥယျာဉ်မှူးကို ရည်ညွှန်းပါ၏။

သို့သော် အဆင့်တစ်ခုကို ကိုယ်စားမပြုသော်လည်း ဌာနခွဲတစ်လုံးအပေါ် ကိုယ်စားပြုလေသည်။ ယေဘုယျအားဖြင့် ၎င်းသည် ဆေးဖက်ဆိုင်ရာပစ္စည်းများနှင့် အမြင့်ဆုံးအဆင့်ကို အနက်ရှိုင်းဆုံး နားလည်နိုင်သော ဆေးပညာရှင်တစ်ဦးသည် အမြင့်ဆုံးအဆင့် ရှိသူ ဖြစ်သည်။

ခန်းမသခင်ဖုန်း၏ နိဒါန်းမှ တဆင့် လုရွှမ်သည် နောက်ဆုံးတွင် နားလည်သွားသည်။

ငယ်စဉ်အခါက ခန်းမသခင်ဖုန်းသည် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် အသက်အငယ်ဆုံး သားရဲကို ထိန်းကျောင်းနိုင်သူ ဖြစ်လာခဲ့သည်။ သူသည် အားမာန်နှင့် စိတ်ဓာတ်များ အပြည့်ရှိသည်။ ဆေးဥယျာဉ်၏ ဆေးသခင်ကြီးမှာလည်း တုနှိုင်းမရတဲ့ ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြပြီး အကြောင်းတစ်ခုကြောင့် လမ်းခွဲခဲ့ကြသည်။ ခန်းမသခင်ဖုန်း မပြောချင်တာကြောင့် လုရွှမ်လည်း မမေးတော့ပေ။

ဒီဆက်ဆံရေးကြောင့် ခန်းမသခင်ဖုန်းဟာ ​​ဆေးဖက်ဝင် ပစ္စည်းတွေကို ဝယ်ဖို့ နေနေသာသာ သူမကို ရှာဖို့ မျက်နှာ​တောင် လှည့်မသွားခဲ့တော့ချေ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now