Arc 3🗡160🗡အင်ပါယာ ထိပ်သီးစာရင်း

616 43 2
                                    

Chapter (160) Arc 3
အင်ပါယာ ထိပ်သီးစာရင်း

"ဟင်?"

ကျီးကန်း၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသော် လုရွှမ်သည် အနည်းငယ် ရှက်သွားသော်လည်း ခေါင်းကို လှည့်ကာ တစ်ခုခုကို သတိရသွားသလို မျက်မှောင်ကြုတ်လိုက်သည်။

"ရှေးဟောင်းမြို့ကို မဖွင့်နိုင်မှတော့ ဘယ်လိုလုပ် ထွက်လာအောင် တူးလို့ရမှာလဲ? မင်း တစ်ခုခုကို မတော်တဆ ထိမိလို့ ရှေးဟောင်းမြို့က သူ့အလိုလို ထွက်လာတာများလား?"

ရှေးမြို့ဟောင်းကို တူးဖော်နိုင်ခြင်း အပေါ် ဤကျီးကန်းတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု ထင်မိခဲ့သည်။ ထိုသို့မဟုတ်ပါက ၎င်း ယခင်ပြောခဲ့သော စကားများကို လျှော့ချလိုက်ရမည်ကို ကြောက်ရသည်။

ဒီကောင်က အမြဲတမ်း ကြွားလုံးထုတ်ရတာကို နှစ်သက်ပြီး အပြည့်အဝ မယုံကြည်နိုင်တဲ့ အရာတွေလည်း အများကြီး ရှိနေပါသေးသည်။

"မင်း"

ကျီးကန်းသည် မျက်နှာချင်းဆိုင်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး

"ကောင်လေး!! အကြီးကို လေးစားရမယ်ဆိုတာ မင်းမသိဘူးလား? ကျီးဖိုးဖိုးက နှစ်အတော်ကြာအောင် နေလာတာ... မင်းလိုမျိုး နောက်မျိုးဆက်ကို တစ်ခါမှ မတွေ့ဖူးဘူး... ဟိုတုန်းကတော့ လူကြီးရော လူငယ်ရော ကောင်းကင်၉လွှာမှာ ငါ့ကို တန်ခိုးကြီးသူလို့ ခေါ်တာကွ!"

ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ကို မြင်လိုက်ရသဖြင့် လုရွှမ်သည် ချက်ကောင်းကို ထိမိသွားသည်ကို သိလိုက်ရသောကြောင့် သူချက်ချင်း ပြုံးပြလိုက်ပြီး ၎င်းကို ထပ်၍ မပြောတော့ပေ။

"ဒီရှေးဟောင်းမြို့ရဲ့ လျှို့ဝှက်ချက် တချို့ကို ငါနည်းနည်း မြင်ဖူးတယ်"

သူ့အရင်ဘဝက သူဖတ်ဖူးတဲ့ စာအုပ်တွေကို ပြန်စဥ်းစားနေတုန်း အဝေးက ခြေသံတွေကို ကြားလိုက်ရသည်။

"သခင်လေး... အကြီးအကဲဖန့်က တွေ့ခွင့်တောင်းနေပါတယ်"

လုရွှမ်သည် အကြီးအကဲ လျိုယွင်ထန်းကို သတ်ရန် တောင်​ဖောက်နဂါးကို အမိန့်ပေးနိုင်ခဲ့တဲ့ အတွက် ယင်းယန်ကျောင်းတော်တွင် ဂုဏ်သိက္ခာတစ်ခုကို ထူထောင်နိုင်ခဲ့သည်။ အကြီးအကဲဖန့်ပင်လျှင် ယခင်ကဲ့သို့ မာန်မာနကြီးစွာ မလာရဲပေ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now