Arc 3🗡117🗡ကောင်းကင်အထိ မြင့်ဈေး (တတိယပိုင်း)

332 31 0
                                    

Chapter (117) Arc 3
ကောင်းကင်အထိ မြင့်ဈေး (တတိယပိုင်း)

"ဒါ...."

ရတနာအကဲဖြတ်သူ၏ ဆရာသည် ဆေးမီးဖိုကို မြင်လိုက်ရသဖြင့် လူတစ်ကိုယ်လုံး ရူးသွပ်သွားပုံရပြီး စိတ်လှုပ်ရှားမှုကို ကြည့်ရှုသူတိုင်း၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။

"ဘယ်လိုဖြစ်နေတာလဲ?"

"ဒီအကဲဖြတ်သူက အရမ်းနာမည်ကြီးတယ်... သူက တတိယအဆင့် အကဲ​ဖြတ်ဆရာ အဆင့်ကို ရောက်နေပြီလို့ ကြားတယ်။ သူ့ရဲ့ဆရာကိုတောင် ဖိတ်ခေါ်ရတဲ့အထိ မခွဲခြားနိုင်ဘူး ဖြစ်နေတာက ဘာဖြစ်နေတာလဲ?"

"သူ့ဆရာက ရတနာအဆောက်အအုံရဲ့ သခင်နဲ့ အကြီးအကဲတွေရဲ့ အပြင်ဘက်မှာဆို ပထမအဆင့် ဂိုဏ်းဆရာနယ်ပယ်က ဆရာကြီးလို့ ပြောလို့ရတယ်"

"လေးစားရတဲ့ နံပါတ်တစ် ဂိုဏ်းဆရာလား? မင်းက ဒီလူကြီးကို ဆိုလိုတာလား? ငါ ဘာလို့ သူရူးသွားသလို ခံစား​နေရတာလဲ?"

"သူ မရူးပါဘူး... တစ်ခုခုကို ရှာဖွေတွေ့ရှိ ခဲ့တာဖြစ်မယ် အဲ့ဒါကြောင့် သူ့မှာ ဒီလိုဖြစ်နေတာ!"

ဝိုင်းဝန်း ဆွေးနွေးမှုတွေ အများကြီး ထွက်လာခဲ့သည်။

လူတိုင်းက မတုံးပါဘူး။ ရတနာအကဲဖြတ်သူ ကိုယ်တိုင်က ဒါကို မမြင်နိုင်ဘဲ သူ့ဆရာကို ဖိတ်ခေါ်ခဲ့တာတောင် ဒီအခြေအနေမှာ ရှိနေဆဲပင်။ သူဘယ်လောက်ပဲ မိုက်မဲနေပါစေ လူငယ်လေး ဝယ်ထားတဲ့ ဆေးမီးဖိုက သေချာပေါက် အတု မဟုတ်ဘူး ဆိုတာကို သူတို့ နားလည်သွားပြီ။

"မ​မြင်နိုင်တာ ဆိုမှတော့ အတုပဲဖြစ်မယ်!"

ရှောင်းယွင့်ထျန်းသည် လုရွှမ် သူ့ကိုယ်သူ အရူးလုပ်မိရန် စောင့်ဆိုင်းနေခဲ့သည်။ ဤသို့ဖြစ်လာမည်ကို သူဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ပေ။သူ့မျက်နှာက ဖြူဖျော့လာပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

"ဆရာ!"

လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုကာ အဖိုးအိုကို ရပ်တန့်နေမှုကို အနှောင့်အယှက် ပေးရန် ရတနာအကဲဖြတ်သူက ခေါ်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now