Arc 3🗡150🗡ရေအေးကန်

335 29 0
                                    

Chapter (150) Arc 3
ရေအေးကန်

သန်မာတဲ့လူ တော်တော်များများက ဝက်ယောင်ဆောင်ပြီး ကျားသား စားရတာကို နှစ်သက်ကြသည်။ သူတို့က လူတွေ အထင်သေးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ရဲ့ ကျင့်​ကြံ​မှုကို တမင်တကာ နိမ့်ထားကြပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ တုနှိုင်းမမှီတဲ့ လူတွေ ဖြစ်နေသည်။

သူ့ရှေ့ရှိ လုရွှမ်သည် သူ့အတွေးထဲက အတိုင်း တူညီသော အခြေအနေတွင် ရှိနေပုံရသည်။ သူ့တွင်  အစွမ်းထက်သော စွမ်းအားများသာ ရှိသော်လည်း တကယ်တော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ စွမ်းအားကိုပင် ဂရုမစိုက်ဘဲ အလွယ်တကူ ဖျက်စီးနိုင်ခဲ့သည်။

ပြောနေစရာတောင် မလိုပါဘူး။ သူ့ရဲ့ ခွန်အားက အဓိပတိနယ်ပယ်လောက် မရိုးရှင်းသလို သူ့ထက်လည်း လုံးဝ မပျော့ညံ့လောက်ပေ။

အခုနက စကားစမြည် ပြောပြီးတဲ့အခါ သူ့မှာ ခြေလေးချောင်း ကြေးနီကြက်နဲ့ ကူဖုန်းထျန် မိသားစုကိုတောင် သိနေတဲ့ ဗဟုသုတ များစွာရထားပြီး သူ့ရဲ့ဝိသေသ လက္ခဏာကို တမင်တကာ ဝှက်ထားတာ ဖြစ်လိမ့်မည်။ သေးငယ်တဲ့ နိုင်ငံကနေ ရောက်လာတာ မဖြစ်နိုင်ပါ။

ဒါကိုတွေးရင်း ထျန်ကျွင့်နမ်ခမျာ သူ့ကို ပိုပိုပြီး လေးစားလာခဲ့ပြီး သူ့ရဲ့ တစ်ခုတည်းသော ဂုဏ်ယူဝံ့ကြွားမှု အရိပ်အမြွက်များပါ ပျောက်ကွယ်သွားခဲ့သည်။ သူဟာ တစ်ဖက်လူကို စော်ကားမိမှာ ကြောက်လို့ နေရာတိုင်းမှာ သတိထားနေခဲ့တော့သည်။

လုရွှမ်ကတော့ တစ်ဖက်လူ ဘာတွေ တွေးနေမှန်း မသိသလို သူသိရင်တောင် ဘာမှ ထူးခြားသွားမည် မဟုတ်။

အခြားသူများ၏ အမြင်တွင် ကူဖုန်းထျန် မိသားစုသည် ဧရာမအကောင်ကြီး တစ်ကောင်ကဲ့သို့ တည်ရှိနေနိုင်သော်လည်း သူ့မျက်လုံးထဲတွင်မူ လက်ဖက်ရည်သောက်ကာ သင်ခန်းစာနှစ်ပုဒ် သင်ပေးရန် နေ့တိုင်းနောက်သို့ လိုက်နေသော အငယ်တန်း တပည့်အဖြစ် ရှိနေသေးသည်။

မကြာခင်မှာ သူတို့နှစ်ယောက်ဟာ ကီလိုမီတာရာနဲ့ချီ ရောက်လာခဲ့ကြ၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ ထျန်ကျွင့်နမ် နောက်ကို အနီးကပ်လိုက်၍ လုရွှမ်သည် ရွှေအရှိန်ကို ထိန်းချုပ်ရာတွင် ပို၍ ကျွမ်းကျင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အံဝင်ဂွင်ကျ ဖြစ်လာပြီး လျှပ်စီးကဲ့သို့ အလွန်မြန်ဆန်ကာ ခမ်းနားသော အရိပ်များကို နောက်တွင် ချန်ရစ်ခဲ့သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now