Arc 3🗡49🗡နဂါးပုံစံ

416 44 0
                                    

Chapter (49) Arc 3
နဂါးပုံစံ

မလေ့ကျင့်မီက ရုပ်ခန္ဓာတစ်ခုတည်းကိုအခြေခံ၍ ခွန်အား ၅ထောင်သာ ရှိခဲ့သော်လည်း ယခုအခါတွင် ၁ သန်းကို တိုက်ရိုက်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြောရလျှင် ၎င်းသည် အဆနှစ်ရာ တိုက်ရိုက် တိုးလာခဲ့သည်။

ဆင်သံချပ် ရွှေကိုယ်ထည်၏ တတိယအလွှာကို ဖောက်ထွင်းဝင်ရောက်ရန်မှာ ဤကဲ့သို့ပြောင်းလဲမှု ကြီးကြီးမားမား မဖြစ်နိုင်ဘဲ ခန္ဓာကိုယ်ပေါ်ရှိ နဂါးပုံစံနှင့် ဆက်စပ်နေရမည် ဖြစ်သည်။

"ဒါ့အပြင်... စွမ်းအားတွေ သိသိသာသာ တိုးလာရုံသာမကဘဲ ခုခံအားကလည်း ကြောက်စရာကောင်းလောက်အောင် အားကောင်းနေတယ်! လက်ရှိ ခန္ဓာကိုယ်နဲ့ အဆင့်နိမ့်တဲ့ အလယ်အလတ်အဆင့် တစ္ဆေလက်နက်ကို မရှောင်ဘဲ တားဆီးနိုင်လောက်တယ်!"

လုရွှမ် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

နဂါးပုံစံသည် ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ဖွဲ့စည်းထားသည်။ နဂါးအကြေးခွံနှင့် ဝေးကွာနေသေးသော်လည်း ချပ်ဝတ်တန်ဆာအလွှာကို ဝတ်ဆင်ထားသကဲ့သို့ အလွန်အားကောင်းသည့် ကာကွယ်ရေးတစ်ခု ဖြစ်လာသည်။ တစ္ဆေအဆင့် အလယ်အလတ် လက်နက်ပင် ထိုးဖောက်၍ မရနိုင်ပေ။

"ကိုယ်ခန္ဓာမှာရှိတဲ့ ခွန်အား ၁ သန်းနဲ့ စွမ်းအင် ၆သိန်းကို ပေါင်းလိုက်ရင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်မှာ ရှိတဲ့ သန်မာတဲ့ လူတစ်ယောက်နဲ့ တွေ့ရင် ငါသူ့ကို အလွယ်တကူ အနိုင်ယူပစ်နိုင်တယ်!"

သူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားလိုက်ရသော လုရွှမ်သည် သူ့ကိုယ်ပိုင် ခွန်အားအပေါ် ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးလိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့် ကိုးဆင့်တွင် ပထမအဆင့်သည် အသက်ကို မြှင့်တင်ပေးသည့် နယ်ပယ်ဖြစ်သည်။

သာမန်ကျင့်​ကြံသူ၏ သက်တမ်းသည် နှစ် ၁၀၀ ခန့်သာ ရှိ၏။ အဓိပတိနယ်ပယ်သို့ ရောက်ရှိပြီး သူ၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များ အလွန်ကောင်းမွန်လာပါက အသက် ၁၅၀ ထက် မကျော်လွန်နိုင်ပေ။ သို့သော် သူသည် သေမျိုးအသွင်ကူးပြောင်း​ခြင်း နယ်ပယ်သို့ ဖြတ်ကျော်သွားသောအခါတွင် ​သေမျိုးတို့၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီး သူ၏ သက်တမ်းသည် အလွန်တိုးမြင့်လာလိမ့်မည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now