Arc 3🗡145🗡လျိုယွင်ထန်းကိုသတ်ခြင်း

429 33 0
                                    

Chapter (145) Arc 3
လျိုယွင်ထန်းကိုသတ်ခြင်း

လူအုပ်ကြားတွင် ​မော့ချုံသည် ဤအရာကို အကောင်းဆုံးသိသူ တစ်ဦးတည်းသာ ဖြစ်သည်။ သူမသည် တောင်ဖောက် သင်းခွေချပ်နဂါး၏ စွမ်းအားကို အတိအကျ မသိသော်လည်း ခန်းမသခင်ဖုန်းသည် အဆင့်​မြင့် သခင်များစွာနှင့် ပေါင်းစည်းလိုက်သော အခါတွင်မှ ၎င်းကို ဖမ်းမိခဲ့ပြီး သူတို့သည်လည်း သေလုနီးပါး ဖြစ်ခဲ့ကြောင်း သူမ သိသည်။

ခန်းမသခင်ဖုန်း ကိုယ်တိုင်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က စွမ်းအားရှင် တစ်ဦးဖြစ်ကြောင်း သိထားရမည်။

သူဖိတ်ခေါ်ခဲ့တဲ့ သူတွေကတော့ သူ့ခွန်အားနဲ့ သိပ်ပြီး ကွာတာတော့ မဟုတ်ချေ။ အရမ်း ထက်သန်တဲ့ သူတွေက ဒီတောင်ဖောက်နဂါးကို လိုက်ဖမ်းရင်း လွဲချော်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

ထို့အတွက်ကြောင့် သူမသည် လုရွှမ်၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသော်လည်း တစ်ဖက်လူ၏ လုံခြုံရေးအတွက် လုံးဝ စိတ်မပူခဲ့ချေ။

"အား.... သေသင့်တဲ့ကောင်!"

တောင်ဖောက်နဂါးသည် ရက်စက်ကြမ်းကြုတ်ပြီး ခြေသည်းများဖြင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့လို့ လျိုယွင်ထန်းလည်း ဒဏ်ရာရသွားခဲ့သည်။

လျိုမိသားစုမှ လူဖြစ်ကြောင့် ခွန်အားကို ပြသခဲ့တာ မကြာသေးပေ။ ယခု သူသည် ဝိညာဥ်သားရဲ တစ်ကောင်၏ ခြေသည်းများဖြင့် တွန်းထုတ်ခြင်းခံခဲ့ရသည်။ သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာ ဘယ်လိုလုပ် ဒီလောက် မြန်ရလေသနည်း။

ဝူး!

သို့သော် သူ့ဟောက်သံက မပြီးသေးခင် တောင်ဖောက်နဂါးကြီးက တဖန် ပြေးလာပြန်သည်။

လုရွှမ်သည် ဤလူကို ဖျက်သိမ်းရန် အမိန့်ပေးထားတာကြောင့် တစ်ဝက်တစ်ပျက် အရှုံးမပေးဘဲ သဘာဝအတိုင်းပင် ဆက်လက် တိုက်ခိုက်လာသည်။

လုရွှမ်ဟာ သူ့အတွက် အကျိုးရလဒ်များ ပေးဆောင်ခဲ့ပြီး လုံးဝယုံကြည်မှု ရှိထားသည်။ သူ့အမိန့်ကို နည်းနည်းလေးမှ မနာခံဘဲ မနေဝံ့ပေ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now