"ပင်းရဲရင့်သုခ ဒါဘယ်ကပြန်လာတာလဲ"အိမ်ရောက်ရောက်ချင်း ကားပေါ်ကဆင်းဆင်းချင်းမှာပင် ဖခင်ဦးသုခ ရဲ့.. ကျားဟိန်းသံလိုဟိန်းထွက်လာတဲ့အသံက သူ့နားထဲဝင်ရောက်လာသည်။
"shit.. ဖားသားကြီးကတော့..ကွိုင်ပဲကွာ.."
ဖခင်မကြားအောင် မတိုးမကျယ်လေး ပြောလိုက်သည်။
ဖခင်ဦးသုခက သူပြန်မလာခင် နာရီဝက်အလိုကတည်းက အိမ်တံခါးရှေ့ ခါးထောက်ကာ ရပ်စောင့်နေခဲ့သည်။"ငါမေးနေတယ်လေ..မင်းဘယ်က ပြန်လာတာလဲလို့"
"ကျောင်းက ပြန်လာတာပေါ့ဗျ"
"ငါကိုလိမ်ချင်နေသေးတယ်...ငါမင်းအကြောင်းမသိဘူးများထင်နေတာလား..ဟမ်း"
"သား...သား သူငယ်ချင်းတွေနဲ့..အပြင်သွားပြီး ပြန်လာတာပါ.."
"မင်းးး..ငါမင်းကို ကျောင်းတက်ခိုင်းတာ အလေ လိုက်ခိုင်းနေတာမဟုတ်ဘူး..မင်းဆယ်တန်း ဘယ်နှစ်နှစ်ကျပြီးပြီလဲ ငါ့ကိုပြောစမ်း ဟေ့ကောင်"
"3နှစ်ပါ"
"အင်..ဒါတောင် မင်းကြိုးစားချင်စိတ်မရှိသေးဘူးလား..မင်းနဲ့တစ်တန်းတည်းတက်ခဲ့တဲ့သူတွေတောင် တက္ကသိုလ်ဒုတိယနှစ်ရောက်နေပြီး..မင်းကတော့ အပျော်အပါးပဲ မက်နေတော့မှာလား"
"အဖေကလည်းဗျာ..သားမှကျောင်းမနေချင်တာ..ဇွတ်အတင်းထားတာလေ"
"မင်းး"
သူ့ရဲ့စကားက သူ့ရဲ့ဖခင်ဦးသုခရဲ့ ဒေါသကို ပိုဆွလိုက်သလိုဖြစ်သွားသည်။သူ့အားရိုက်ရန် လက်ရွယ်လာသော ဖခင်ရဲ့ လက်ကို တစ်စုံတစ်ဦးက ဟန့်တားထားသည့်အတွက်..ဖခင်ရဲ့လက်ဝါးစာ မမိခဲ့။
"ဖေကြီး တော်ပါတော့..သားပြန်လာကတည်းက ဆူနေတော့တာပဲ.."
မိခင်ရဲ့ စကားကိုကြားတော့မှ... ဖခင်ရဲ့ လက်ဝါးရန်မှ ကာကွယ်ထားတဲ့ သူ့ရဲ့လက်များကို ဖယ်လိုက်သည်။
"ကျွန်မသား ကို နာအောင်ထပ်မလုပ်ပါနဲ့တော့.."
"ဟ ငါတောင်မရိုက်ရသေးဘူးလေ"
"ရိုက်ဖို့တောင် လုပ်နေပြီးလေ ကျွန်မသားက လိမ်မာပြီးသားပါ ဖေကြီးရယ်"
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။