ဧက ၁၀၀ နီးပါးလေးရှိတဲ့ နှင်းဆီပန်းခင်းကြီးများကာ မျက်စိတစ်ဆုံး မြင်တွေ့ရလောက်တဲ့အထိ စိုက်ပျိုးထားကြ၏။ အရောင်အသွေးမျိုးစုံ နှင်းဆီပန်းများက ဖူးပွင့်ခါစ အဖူးအငုံများနှင့် ပွင့်ထားပြီး ဖြစ်တဲ့ အပွင့်ကြီးများက ထို နှင်းဆီပန်းခင်းကြီးထဲ မထင်မှတ်ဘဲ ရောက်ရှိသွားခဲ့လျှင် နှင်းဆီ ကမ္ဘာထဲကို ရောက်နေသလို ခံစားရမည်မှာ အမှန်။ထိုနှင်းဆီပန်းခင်းကြီးကို ထိန်းသိမ်းရှောက်ရှောက်ဖို့အတွက် ဥယျာဉ်မှူး အယောက်20 ကို ခန့်အပ်ထားသည်။ နှင်းဆီပန်းခင်းရဲ့ ပိုင်ရှင်က နှင်းဆီပန်းကို နှစ်သက်သူဖြစ်သည်မို့ စီးပွားရေးအတွက် အရမ်းမထိရောက်ပေမယ့် နှင်းဆီပန်းကို နှစ်သက်သူမို့ နိုင်ငံ ခြားမှာ နေထိုင်စဉ်ကတည်းက နှင်းဆီစိုက်ဖို့ မြေကွက်တွေ ဝယ်ထားပြီး အလုပ်သမားများကို ခန့်အပ်စိုက်ပျိုးစေသည်။
နှင်းဆီပန်း အရောင်တစ်ခုစီကို ဥယျဉ်မှူး ၃ယောက်စီ တာဝန်ပေးထား၏။ ပိုးမကျအောင် မလိုအပ်တဲ့ မြတ်ပင်များ ရှင်းလင်းဖို့လည်း အလုပ်သမား ခန့်အပ်ထားသည်။
ရှင်းရှင်းလင်းလင်းဖြင့် သပ်သပ်ရပ်ရပ်ရှိသည့်ကိုလိုလားသည်။ နှင်းဆီပန်းကြား မြတ်ပင်တစ်ပင် တွေ့ရှိက ..သူဌေး၏ အော်ငေါက်ခြင်း ခံရမည်။ ထိုကြောင့် နှင်းဆီပန်းခင်းကြီးကို ဂရုတစိုက်စောင့်ရှောက်ကြရ၏။တစ်လတစ်ခါ ဒါမှမဟုတ် နှစ်လတစ်ခါ ပြန်လာပြီး နှင်းဆီပန်းပင်များရဲ့ အခြေအနေကို ပြန်ရောက် ကြည့်ရှူ့လေ့ရှိသည် ။ သို့ပေမယ့် အခုချိန်မှာတော့ အပြီးတိုင်း ပြန်လာနေပြီး ဖြစ်သလို နှင်းဆီပန်းများလည်း စိုက်ခင်းတစ်ဆုံးပွင့်လန်းနေကြပြီး။
မင်္ဂလာဆောင်အတွက် ဒါမှမဟုတ် မွေးနေ့ပွဲအတွက် ..ဒါမှမဟုတ် ပွဲတစ်ခုခုအတွက် နှင်းဆီပန်းလိုအပ်လျှင် ဒီကနေ order မှာယူပြီးဝယ်ကြ၏။
ပိုင်ရှင်ကိုယ်တိုင် စိုက်ပျိုးထားတဲ့ နှင်းဆီပန်းခင်းတစ်ခုလည်းရှိ၏။ ထိုအခင်းမှာ အနီရောင် နှင်းဆီပန်းတွေသာ ရှိ၏။ တခြားပန်းများရောနှောခြင်းမရှိ အနီရောင် သာ ပွင့်ဖူးသော နှင်းဆီပန်း အပင်တွေသာရှိ၏။
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။