"မင်းသား လုပ်ပုံက ကောင်းသေးရဲ့လားကွာ...ကိုယ့်သားတစ်ယောက်လုံး ဒီလိုလုပ်တာ မင်းမတားဘူးလား ""ဟောတော်...ကျွန်မမသိလို့ပေါ့..ရှင်ကရော အဲ့နေ့အိမ်မှာ ရှိတာ မသိဘူးလား ."
"ငါလဲ မသိလို့ပေါ့ကွ ...မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင် ပြန်လာကြည့်..."
ဦးသုခ အံ့ကြိတ်ရင်း ပြောနေသည်။
"ကျွန်မသား ကို ဘာလုပ်မှာလဲ.."
"ငါလင်နောက်လိုက်တာလို့ပဲ ကြားဖူးတယ်..နင့်သားကမှ ကိုယ့်ထက်အသက်ကြီးတဲ့သူကို ပြန်ခိုးရတယ်လို့ .."
"ဘာလဲ ရှင်က သဘောမတူတာလား "
"ဒါသဘောတူစရာ ကိစ္စလား "
"ရှင်ပြောနေလို့ ရှင့်သား ဘာမှမဖြစ်ဘူး ခုလောက်ဆို နစ်ချာ ရင်ခွင်မှာ ပျော်နေလာက်ပြီး "
"ကလျာ မင်းသား ဒီလိုဖြစ်နေတာ သိတယ်မလား "
"အင် ..အဲ့ဒါကြောင့်လဲ အိမ်ထောင်ပြုဖို့ကိစ္စစီစဉ်တာပေါ့ .အခုလည်း သားလည်း ပျောက် ရွှေရည်ယွန်းထည်လဲ ပျောက် ...သူတို့က သူတို့ချစ်တဲ့သူနဲ့ ပျော်နေလောက်ရောပေါ့ လွတ်ထားလိုက်ပါ "
"မလွတ်ထားနိုင်ဘူး...ငါ့သားကို ရအောင်ပြန်ခေါ်မှာ ..."
*******
မနက်ခင်းရဲ့ နေထွက်ခြင်းအလှကို မနက်စာ စားရင်း ငေးမောကြည့်နေသည်။ မနက်စာစားပြီး မုန့်အချိုလေးတွေ သွားယူပေးတဲ့ ဦးနစ်ကို စောင့်နေသည်။ ဟိုတယ်ရဲ့မနက်စာဆိုတော့ ခရီးသွားတွေ နိုင်ငံခြားသားများ လာရောက်တည်းခိုတာကြောင့် စကားသံများသည်။
အဖေနဲ့ အမေက ဘယ်လိုနေမလဲ တွေးမိပြန်သည်။ ဟိုတယ်မှာ တည်းနေတာကလည်း တပတ်နီးပါးရှိနေပြီးမို့ အိမ်ပြန်ဖို့ စီစဉ်ထားသည်။ အမေတို့ အခုသဘောမတူရင်တောင် တစ်ချိန်ချိန်မှာ သဘောတူလာနိုင်သေးတာပဲလေ။
မကြာ ဦးနစ်ပြန်ရောက်လာသည်။ လက်ထဲမှာ ဂျယ်လီလိုမုန့်အချိုတွေနဲ့ အခြား မုန့်အချိုများ ပါရှိသည်။
ဦးနစ် ပန်ကန်ချချခင်းမှာ သူဂျယ်လီတုံးလေး ခရင်းဖြင့် ယူစားလိုက်သည်။ ပုံမှန်အချိုလေးပဲမို့ သူကြိုက်သွားသည်။ ထပ်မံယူစားမိပြန်သည်။ ဦးနစ်က သူစားနေတာကို ပြုံး၍ပင်ကြည့်နေသည်။ တစ်သျူး ယူပြီး သူ့နှုတ်ခမ်းနားမှာ ပေနေတာလေးတွေကို သုတ်ပေးသည်။
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။