"ဦးနစ်..နှင်းဆီပန်းကို ဘာလိုကြိုက်တာလဲ ဟင်"ဦးနစ်ရဲ့ ပေါင်ကို ခေါင်းအုံးလုပ်လျက် .မော့ကြည့်ကာ မေးနေလေသည်။
"မပြောတတ်ဘူး နှင်းဆီပန်းမို့လို့ ကြိုက်တာ "
Milk Tea အရောင်း ပင်းရဲရင့်၏ ဆံပင်လေးကို လက်နှင့် သပ်နေရင်းက ပြန်ဖြေသည်။
"အဲ့ဒါဆို ကျွန်တော်အကြိုက်နဲ့ ဦးနစ်အကြိုက်က တူနေပြီးထင်တယ် "
"ကလေးက နှင်းဆီကြိုက်လို့လား "
"ကျွန်တော်က ပန်းမကြိုက်ဘူးဗျ..ဒါမဲ့ နှင်းဆီကြိုက်တဲ့ ဦးနစ်ကိုကြိုက်တယ် .."
သူ့အပြောကို ဦးနစ်က သဘောကျစွာ အသံထွက် ရယ်လိုက်၏။
"စကားတော်တော်တတ်"
သူ့နှုတ်ခေါင်းထိပ်လေးကို ဦးနစ် ဆွဲညစ်လိုက်သည်။
သူတို့ရှိနေတာက နှင်းဆီပန်းခင်းကြီး၏ အလယ်တွေ ဖြစ်သည်။ အလုပ်သမားလေးများကို သတိပေးထားတာကြောင့် နှစ်ဦးသား လွတ်လွတ်လပ်လပ်ရှိသည်။
"ဦးနစ် ဂိမ်းဆော့တာလား "
"ဟင် "
သူ ဦးနစ်ရဲ့ဖုန်းကို ယူကလိရင်းမေးလိုက်တယ်။
"မဆော့ပါဘူး ဒီတိုင်းမှားနှိပ်မိတာထင်တယ် "
"ဒါဆို ဘာလို့ ပြန်မဖျက်တာလဲ .."
ဂိမ်းထဲ ကို သူဝင်ကြည့်လိုက်တော့ ဆော့ထားတာ က Level တစ်ခုအထိတောင်ရောက်နေပြီး။
"ဦးနစ် ဘာလို့ လိမ်တာလဲ...ကျွန်တော့်လို ဂိမ်းသမားတစ်ယောက်ကို လာလိမ်လို့မရဘူး "
နစ်ချာလည်း မငြင်းသာတော့ဘဲ လက်လျော့လိုက်ရတယ်။ ဘယ်လို ထပ်လိမ်လို့ရမလဲ ။ဒီကလေးက သူ့အကြောင်း ဆို စိတ်ဝင်စားနေတာ ။
"ဦးနစ် မဆော့တတ်ဘူးထင်နေတာ ..ကြည့်လိုက်တော့လည်း မဆိုးဘူးထင်တာဘဲ..ကျွန်တော့နဲ့ တစ်ပွဲလောက်ဆော့ကြမယ်လေ "
"တော်ပြီး ကလေးတွေနဲ့ မကစားဘူး "
"ဘာလဲ ဦးနစ်က ကြောက်တာလား "
"ကိုယ်ဘာမှမကြောက်ဘူး "
"ဒါဆို ဆော့မယ်လေ ..ဖွင့်ထားပေးတယ်နော် ."
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။