{Smile 🌹}
အရိုက်ခံရတဲ့ ဒဏ်ကြောင့် ညဘက် အဖျား တက်လာလို့ နစ်ချာရှိုင်း ပြုစုရပြန်၏။ကိုယ့်ထက် အသက်ထက်ဝက်လောက် ငယ်ပြီး ညီလေးအရွယ်ထက် တူလေးအရွယ် ကောင်လေးက သူကြောက်ရတဲ့ အဖေကိုတောင် တစ်ခွန်းမကျန် ပြန်ပြောနေတတ်ပေမယ့် မိမိကိုတော့ တစ်ခါမှ ပြန်ခံပြောတာမျိုး မရှိတာ ကို သူကျေနပ်နေမိတယ်။
မွေးကင်စ ကတည်းက ချီပိုးလာခဲ့တဲ့ ကောင်လေးက ခုချိန်မှာ ကိုယ့်တပည့်ဖြစ်လာလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး ။
...။"ဖေဖေ ကလေး အသံကြားတယ် ဘယ်ကလာတာလဲ "
၁၅နှစ်အရွယ် ဆယ်တန်းကျောင်းသားလေး နစ်ချာရှိုင်း က ကျောင်းကပြန်လာရင်း အိမ်ထဲတောင်မဝင်ရသေးဘဲ သူ့ရဲ့ အဖေကို မေးနေလေ၏။
"ဘေးခြံက ဖေဖေ သူငယ်ချင်း ဦးသုခ မိန်းမ ကလေးမွေးတယ်လေ သားရဲ့ "
"ဟို ဗိုက်ကြီးနေတဲ့ ဒေါ်ဒေါ်က ကလေးမွေးပြီးလား"
"ဟုတ်တယ်လေ သားရဲ့ "
"သား ကလေးလေးကို ကြည့်ချင်တယ် .."
"သား ရေမိုးချိုး ညစာစားပြီး သွားကြည့်ပေါ့ ."
မွေးချင်း မရှိလို့ ညီလေး/ညီမလေး လိုချင်နေသူ ဖြစ်တာမို့ ကလေးတွေ မြင်ရင် အသဲတယားယားနဲ့ ချီလိုက်ရမှ ကျေနပ်နေတဲ့သူ။
"ဒေါ်ဒေါ် ကလေးလေးက ချစ်စရာလေး ..ကျွန်တော့်ကိုပေးပါလား ဟင်"
မွေးကင်စ ကလေးလေးရဲ့ နုနုဖက်ဖက် ပါးလေးကို ဖွဖွလေး တို့ထိရင်း ..ကလေးလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ကလျာကိုတောင်းဆိုလိုက်သည်။
"ရတာပေါ့ သားလေးရယ်..သားလိုချင်ရင် ကြီးလာမှယူ ..အခုက ငယ်သေးတယ်""ဒါဆို ကျွန်တော် နေ့တိုင်း လာကြည့်လို့ရတယ်မလား "
"ရတာပေါ့ သားရဲ့မောင်လေးပဲ "
"ဒေါ်ဒေါ် ..ကလေးလေးရဲ့နာမည်က ဘာလဲဟင်"
"ကလေး နာမည်မပေးရသေးဘူး သားရဲ့ "
"ဒါဆို ကျွန်တော်နာမည်ပေးလို့ရမလား ဟင် "
"အင်"
"ကျွန်တော့် ညီလေးကို ရဲရဲရင့်ရင့်နဲ့ ကြီးလာစေချင်တယ် ပြီးတော့ သုခချမ်းသာနဲ့ ပြည့်စုံတဲ့ သူ ...ရဲရင့်သုခ ...တခြားသူနဲ့ တူတာမလိုချင်လို့ ပင်းရဲရင့်သုခ လို့ပေးမယ် ..ဘယ်လိုလဲ ဒေါ်ဒေါ် "
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။