Part -13

1.1K 60 6
                                    


နေ့လည်ဘက် မုန့်စားဆင်းချိန်မှာ..ရတဲ့အချိန်တစ်နာရီလေးကို ..သူကိစ္စတစ်ခုအတွက် ...ကျောင်းပြင်ကိုထွက်လာခဲ့တယ်။ Taxi တစ်စီးကို တားစီးပြီး... fashion Shop ဆိုတဲ့ ဆိုင်တစ်ခုထဲကို ဝင်လာခဲ့လိုက်တယ်။ဆိုင်နာမည်အတိုင် အဝတ်အစားနှင့် fashion  ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ပစ္စည်းနှင့်အသုံးအဆောင်များကို ရောင်းသည်။

သူဒီဆိုင်ကို လာရတဲ့ ရည်ရွယ်ချက်က....ဦးနစ်အတွက် အဝတ်အစားတစ်စုံလောက်ဝယ်ပေးဖို့ဆိုတဲ့ စိတ်ကူးလေးနဲ့ပါ။ ကျောင်းဝတ်စုံနဲ့မို့ ဆိုင်ဝန်ထမ်းကောင်မလေးတွေက ....ကျောင်းသားလေးက ဘာအတွက်လာသလဲဆိုတဲ့အကြည့်နဲ့ ကြည့်နေခဲ့ကြပေမယ့်...ပင်းရဲရင့်သုခရဲ့ ..ချောမောတဲ့ ရုပ်ရည်ကြောင့်..ဧည်ဝတ်ကျေပွန်စွာ ကြိုဆိုပြီး လိုအပ်သည်များကို မေးမြန်ခဲ့ကြသည်။

"ဘာများ အလိုရှိပါသလဲ မောင်လေး.."

"ကျွန်တော်...အင်္ကျီဝယ်ချင်လို့ပါ မမ..ယောင်္ကျားဝတ်.."

"ဟီး မမတဲ့ ချစ်ဖို့ကောင်းလိုက်တာ....အော် ဒီဘက်မှာပါ..မောင်လေး"

ဝန်ထမ်းမမဆိုသူက ပြုံးရွှင်သော မျက်နှာဖြင့် လိုက်ပြသသည်။
နိုင်ငံခြားဝတ် ကုတ်အင်္ကျီ အမျိုးအစားထဲမှ အနက်ရောင်ရှိလှသော ကုတ်အင်္ကျီကို သူ့သဘောတွေ့လှတာကြောင့် ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။နတ်တိုင် မီးခိုးရောင်နှင့်။
ဒီတစ်ခုက ဦးနစ်နဲ့ လိုက်မယ်ထင်တယ်။
မျက်လုံးထဲမှာပင် မြင်ယောင်ပြီး...ကျေကျေနပ်နပ်ဖြင့်ပြုံးလိုက်၏။

"ဘာများထပ်အလိုရှိပါသလဲ မောင်လေး"

"ယောင်္ကျားဝတ် နာရီလေး တစ်‌လုံးလောက်ပြပေးပါမမ..လူကြီးဆန်ဆန်ပေါ့"

"အိုကေ"

ဝန်ထမ်းမမ လိုက်ပြတဲ့ နာရီအမျိုးအစားများစွာကို အသေအချာလိုက်ကြည့်ပြီး Luxury watch brand အမျိုးအစားများထဲမှ .. Cartier အမျိုးအစားနာရီကို ကြိုက်နှစ်သက်တာကြောင့် ဝယ်ဖို့ ဆုံးဖြတ်လိုက်၏။ နာရီအတွင်းမှ ဂဏန်းများက 123ဆိုတဲ့ English ဂဏန်းမဟုတ်ဘဲ ရောမဂဏန်းဖြင့် ပြုလုပ်ထားသည်။ ..ဈေးကတော့ မတွေးရဲစရာ ပေမယ့်..သူယူလာသည်က ...ဖခင်ဖြစ်သူရဲ့ Cardကို ယူထားတာကြောင့်...။

ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်Where stories live. Discover now