Part -3

1.6K 74 13
                                    

[မတော်တဆ နမ်းခြင်းလား..တမင် နမ်းခြင်းလား]

အဲ့ဒီနေ့ နောက်ပိုင်း ပင်းရဲရင့်သုခ အိမ်မှာ မနေရတော့ဘဲ..ဦးနစ် အိမ်မှာ လာနေရတော့သည်။ ပထမရက်မှာ တင် အပြစ်ပေးခံရပြီး..ဒုတိယ ရက်မှာတော့..ဆရာ့အိမ်ကို ပြောင်းရနေရသည်။
ဒါကလည်း ပင်းရဲရင့် ရဲ့ စကားနားမထောင်ခြင်းရဲ့ ရလာဒ်ပဲ မလား။

ဦးသုခကို.. နစ်ချာရှိုင်း  တောင်းဆိုသည်က ပင်းရဲရင့် ကို အိမ်မှာ လာနေစေလိုကြောင်း ပြောဆိုတဲ့အခါ.....အသာတကြည်ပင် ခွင့်ပြုသည်။ ပင်းရဲရင့် ရဲ့ မိခင် ဒေါ်ကလျာ မှာတော့..သားလေးနဲ့ ခွဲနေရသည်ကို အစပိုင်းမှာ ခွင့်မပြုချင်ပေမယ့်လို့...သားလေးရဲ့ပညာရေးအတွက်ပဲ ဆိုပြီး..နစ်ချာရှိုင်း တောင်းဆိုသည်ကို လက်ခံခဲ့သည်။

ပင်းရဲရင့် မိဘအိမ်နဲ့ ခွဲနေရသည်မှာ တစ်ပတ်ကျော်လောက်ရှိနေပြီး။ဦးနစ် အိမ်မှာ နေတဲ့အတောအတွင်း ကျောင်းသွားကျောင်းပြန် အချိန်ကလွဲရင်... ကျန်တဲ့အချိန် အပြင်ထွက်ခွင့်မပြု။

ဂိမ်းမဆော့ရ၊ဖုန်းတောင် သုံးခွင့်မပြု၊အကြောင်းရှိမှသာ အသုံးပြုခွင့်ပေးသည်။ ခွင့်ပြုသည်က ဘေးမှာ နေပြီး ဘယ်သူနဲ့ ပြောသည်..အရေးမကြီးလျှင် ၁၀ မိနစ်ထက်ပိုပြောခွင့်မပြု..မလှမ်းမကမ်းကနေ စောင့်ကြည့်နေတတ်သည်။

စရောက်ကတည်းက ဦးနစ်နဲ့အတူ တစ်ခန်းတည်း အတူနေရသည်။ တခြားအခန်းမှာထားလျှင်... စာမလုပ်ဘဲ လုပ်ချင်တာလုပ်မယ်...ဂိမ်းခိုးဆော့မည် စိတ်မချဘူး ဆိုတဲ့ အချက်တွေနဲ့... ဦးနစ်ရဲ့..ကုတင်ဘေး ပင်းရရင့် ရဲ့ ခနွာကိုယ် ဆန့်နိုင်လောက်မဲ့ ကုတင်လေးတစ်ခု လုပ်ပေးပြီး..သူနဲ့အတူ နေစေသည်။

အပြင်သွားခွင့်မပြု..စားတာ အိပ်တာတောင် အချိန်နဲ့ ကပ်သတ်ထားသည်။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ ပင်းရဲရင့်လို လူအတွက်ကတော့ ထောင်ထဲကနေ နေရသည်နှင့်မခြား စိတ်ကျဥ်းကျပ်လွန်းလှသည်။

ညနေ ကျောင်းပြန်လာကတည်းက ဦးနစ် အိမ်မှာ မရှိ။ အလုပ်ကနေပြန်လာသေးဟန် မရှိ။ အိမ်ဖော်အဒေါ်ကြီး ကို ​မေးကြည့်တော့ ဦးနစ်အလုပ်ကပြန်လာပြီး အပြင်ခဏပြန်ထွက်သွားသည်မှာ မကြာသေးဟု ပြောသည်။

ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်Where stories live. Discover now