[အပြစ်]💔တစ်နေ့ ပင်းရဲရင့်သုခ တို့ သူငယ်ချင်းတစ်သိုက် နေ့လည် ၁၂နာရီ နေ့လည်စာ စားဖို့ မုန်းဈေးတန်းကို ထွက်လာကြ၏။သန့်သန့်ရပ်ရပ် ဖွင့်ထာူတဲ့ မုန်းဟင်းခါး ဆိုင်လေးထဲကို ဝင်ကာ နေ့လည်စာအတွက် မုန့်ဟင်းခါးမှာစားကြသည်။ စုစုပေါင်း ၄ပွဲမှာပြီး စောင့်နေကြရင်း သူငယ်ချင်းများက သူ့ကို မေးချင်တာရှိသည့်မျက်လုံးများဖြင့် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။
ဒါကို သူက သတိထားမိသွားပြီး
"ဘာဖြစ်ကြတာလဲ ငါ့ကို ကြပြီး"
"မင်းခုတလော ထူးဆန်းနေလားလို့"
"ဘာထူးဆန်းလို့လဲ"
"ဟုတ်တယ်လေ အရင်ကဆို ကျောင်းလဲ ပုံမှန်မတက် ပြီးတော့ ငါ့တို့နဲ့လည်း နေ့လည်စာ အတူတူလာစားတယ် စာလဲ ပိုစိတ်ဝင်စားလာတယ် ပြီးတော့ အဝတ်အစား ပြောရရင် အကုန်ပြောင်းလဲနေတာလေ"
"ဟုတ်တယ် ငါလည်း ထူးဆန်းနေတာ "
သူငယ်ချင်းတစ်ယောက်က ပြောသည်ကို နောက်ထပ်သူငယ်ချင်းကလည်းထောက်ခံလိုက်သည်။
ဟုတ်သည် သူအရင်ကထက် ကျောင်းခေါ်ချိန်ပြည့်ပြီး ဆရာ/ဆရာမ များစာမေးလျှင် အလွယ်တကူအခက်အခဲမရှိ ပြန်ဖြေနေသည်မို့ တစ်ခန်းထဲနေ အတန်းဖော်တွေရော သူငယ်ချင်းတွေပါ အံ့ဩရသည့်အထိပင်။အနေအထိုင်နှင့် ဝတ်စားဆင်ရင်ပုံမှာ သင်သင်သန့်သန့် ရှိလာသည်။အရင်ကထက် ဖရုံဖရဲ မဖြစ်တော့။
သူငယ်ချင်းတွေရဲ့ အမေးကို အနည်းငယ်ပြုံးကာ
"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်း စာကြိုးစားချင်စိတ်ဖြစ်သွားလို့ မင်းတို့ထင်လို့ပါ အရင် အတိုင်းပဲ "
"ငါတို့ကို မလိမ်ပါနဲ့ကွာ မင်းအတွက် မင်းအဖေက ဆရာတစ်ယောက်ခေါ်ထားတယ်ဆို စည်းကမ်းလည်း ကြီးတယ်ဆိုပဲ"
"ဟာ မင်းတို့ကို ဘယ်သူပြောတာလဲ "
"နေသူရ ပြောတာ မင်းရဲ့ ငယ်ပေါင်းကြီးလေ"
"အဲ့ကောင်က လုပ်ပြီးကွာ "
သူအပြောကြောင့် သူငယ်ချင်းတွေအားလုံး ရီမောကြလေသည်။ မုန့်ဟင်းခါးသည် အဒေါ်ကြီးက မုန်းဟင်းခါးများလာချပေးသည်နှင့် ပြောလက်စ စကားတွကို ရပ်ပြီး ဆာနေတဲ့ ဗိုက်လေးကို ဖြေသိမ့်ပေးလိုက်ကြသည်။
JE LEEST
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfictie(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။