မနက်၁နာရီ နိုးလာချိန် သူ့တစ်ကိုယ်လုံးကိုက်ခဲနေ၏။ လူကလည်း ဖျားချင်လိုလိုဖြစ်နေသည်။ ခုထိ အိပ်ပျော်နေလျက်ရှိတဲ့ ဦးနစ်ကတော့ သူ့ကို ရင်ခွင်ထဲ ဖက်ထားလို့။သူ ဦးနစ်ရင်ခွင်ထဲက ရုန်းထွက်ရင်း အောက်ပိုင်းက နာကျင်မှုကို အတော်ခံစားလိုက်ရသည်။
"အ..နာလိုက်တာ "
ရေရွတ်ရင်း ကုတင်ပေါ်ဆင်းကာ ..ရေချိုးခန်းတွင် ပြေးဝင်သွား၏။
ဦးနစ် နိုးလာသော် ဘေးနားကနေ ပင်းရဲရင့် ရှိမနေတော့တာကြောင့်..ဘေးဘီ ဝဲယာလိုက်ကြည့်လိုက်၏။ ရေချိုးခန်းတွင် ရေကျသံကြားလိုက်ရ၍ ပင်းရဲရင့် ရေချိုးခန်းထဲ ရှိနေကြောင်းသိလိုက်သည်။
ထိုနောက်မှ သူသက်ပြင်းရှည်ကြီးချလိုက်သည်။ မနေ့ညက သူ့ကိုသူတောင် မထိန်းချုပ်မရ ဖြစ်ခဲ့တယ်။ ပြန်တွေးကြည့်ရင်းတောင် ...ပင်းရဲရင့် ကို သနားလာသည်။
ကလေး အဆင်ပြေပါ့မလား ။
ရေချိုးခန်းထဲဝင်ကာ မျက်နှာလေး ရှုံ့မဲ့ကာ ကိုယ်လုံးပေါ် ဆပ်ပြာဖြင့်တိုက်နေလျက် ။
ဦးနစ် ပင်းရဲရင့် အနောက်ဘက်ဆီ သွားပြီး ...ကိုယ်လုံးလေးကို ပွတ်တိုက်ပေးလိုက်သည်။"ကိုယ် တိုက်ပေးမယ် "
"ဟင်!!ဦးနစ် "
"အဆင်ပြေရဲ့လား .. "
"ဟင်အင်းး!....နာတယ် "
"ဟုတ်လား ...ရေချိုးပြီးရင် ကိုယ်ဆေးလူးပေးမယ်"
"ဟင်အင်းး မလိုဘူး!!"
"ခေါင်းမာနေတာလား ..ရေချိုးပြီးရင် ဆေးလိမ်းပေးမယ် "
ရေချိုးနေတာကို အမြန်လက်စသတ်ပြီး ...ပင်းရဲရင့် ကို အခန်းထဲ မချီ၍ ကုတင်ပေါ်တင်ပေးလိုက်၏။
ဆေးလိမ်ပေးတော့ ရှက်နေဟန်ဖြင့် ..
"ဦးနစ်...မလိမ်းပါနဲ့ "
"ကိုယ်တောင်းပန်ပါတယ် ...."
"ဟင်!!"
"ကိုယ့်ရဲ့စိတ်ကို လွတ်ထားလိုက်မယ်တယ်...ပြန်တွေးကြည့်မှ ...ကိုယ်နောင်တရမိတယ်.နောက်တစ်ခါမဖြစ်စေရဘူးလို့ ကတိပေးတယ်...နော်"
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။