ဒီနေ့က သူ့ရဲ့ဆရာအသစ် ဦးနစ်ဆီ သွားရမှာ ဖြစ်ပေမယ့်..သွားဖို့ပြင်ဆင်မှုမပြုဘဲ သူဆော့နေကျ Mobile Legends ကိုသာ စိတ်ဝင်တစား ဆော့နေလျက်ရှိသည်။အခု ၁၀ နာရီထိုးနေပြီး။အခန်းကနေ အပြင်မထွက်ဘဲ ..နေရင် အဖေ သတိထားဖြစ်မှာမဟုတ်ဘူး။ အခုလောက်ဆို အဖေ အလုပ်သွားနေလောက်ပြီး။ အမေ ဆိုရင် သူသဘောအတိုင်းပဲ..ဘာတစ်ခုမှအပြစ်မပြော.။
"ဒေါက်...ဒေါက်"
ဂိမ်းဆော့နေရင်း အခန်းတံခါးခေါက်သံကြားရ၍..မျက်နှာကို မဲ့လိုက်ပြီး..
"ဘယ်သူလဲ"
"သူဌေးက အောက်ကို ဆင်းခဲ့ပါတဲ့ အကိုလေး"
အိမ်ဖော်ကလေးမလေးရဲ့အသံ။ အဲ့ဒါဆို အဖေ အလုပ်မသွားသေးဘူးထင်တယ်။
"အင်း..ဆင်းလာခဲ့မယ်."
ပြန်ဖြေပြီးဆော့လက်စ ဂိမ်းကို ပြီးအောင်ဆော့လိုက်သည်။ Mobile legends က ခဏနဲ့ပြီးအောင် ဆော့ဖို့ဆိုတာ မဖြစ်နိုင်လို့..နိုင်အောင်ဆက် ဆော့ရင်း..နာရီဝက်အကြာမှာ..
"အကိုလေး.."
"ဘာဖြစ်နေတာလဲ ခနခနလာခေါ်နေတယ်....အာ သွားပါပြီး.."
ဆော့နေရင်း..လာခေါ်တဲ့ အိမ်ဖော်ကလေးမလေးကို ပြန်အော်ရင်း တာဝါ အဖြိုခံလိုက်ရတာကြောင့် စိတ်တိုတိုနဲ့ ဂိမ်းခလုတ် ပစ်ချပြီး အခန်းရှေ့ထွက်လာလိုက်၏။
ကလေးမလေးမှာတော့ သူ့ကို ကြောက်လန့်စွာ သူ့ရဲ့မျက်နှာပင် မော့မကြည့်ရဲဘဲ ခေါင်းငုံ့ထားသည်။"အဖေ အလုပ်မသွားသေးဘူးလား.."
"သူဌေး က အကိုလေးနဲ့ တွေ့ပြီးမှ အလုပ်သွားမယ်ပြောပါတယ်.."
"အင် ငါဆင်းလာခဲ့မယ် ခနခန လာမခေါ်နဲ့.."
"ဟုတ်"
ကုတ်ကုတ်လေး..အောက်ထပ်ကို ဆင်းသွားတဲ့..ကလေးမလေးကို ကြည့်နေရာမှ သက်ပြင်းအလုံးလိုက်ချကာ..အခန်းထဲ ပြန်ဝင်သွားသည်။
ဧည်ခန်း အဖြူရောင် ဆိုဖာဘေးမှာ ခါးထောက် ရပ်ပြီး သူ့ကို စောင့်ကြိုနေတဲ့ အဖေဦးသုခ ကို မြင်လိုက်ရတော့ လှေကားထစ်ပေါ်ကနေ ဆင်းလာရမှ ခြေလှမ်း များရပ်တန့်သွားရသည်။အဖေ့ရဲ့ မျက်လုံးပြူးကြီးများက သူ့ဆီစိုက်ကြည့်နေသည့် ဖြစ်တာကြောင့်ပါ။ သူကြောက်တဲ့ထဲမှာ သူ့အဖေဦးသုခရဲ့ ဒေါသထွက်ရင် ပြူးကျယ်လာတဲ့ မျက်လုံးကြီးများလည်း ပါဝင်သည်။
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။