"ကိုကို...ယမှုံမွေးနေ့လာမှာလားဟင်...""မသေချာဘူး.."
"ဘာလို့လဲ ...လာပါနော်.ယမှုံမှာ မိဘတွေကလည်း မရှိတော့ဘူး..ရှိတဲ့ သူငယ်ချင်းတွေနဲ့..ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲလေးကို ဖြတ်သန်းချင်တယ်"
"အဲ့ဒါက ငါပါမှ ဖြစ်မှာလား.."
"ကိုကိုက...ယမှုံနဲ့ ရည်းစားဖြစ်ခဲ့ဖူးတယ်လေ..ယမှုံ ကိုကို ရှိတဲ့ မြို့ကို ပြောင်းလာတာ ကိုကို့ကြောင့်ပါ.."
စားသောက်ဆိုင်တစ်ခုတွေ ....ငွေယမှုံရဲ့ သနားစဖွယ်လေးနဲ့ ချွဲနွဲ့သံက ပျံလွင့်လျက်ရှိ၏။
သူမရဲ့ ချစ်စဖွယ်မျက်နှာလေးက ...ဦးနစ်ကို ငြင်းဆန်ဖို့ လက်တုန့်နေမိသည်။မချစ်တော့ပေမယ့် ...သံယောဇဉ်လက်ကျန်လေးကညကျန်နေခဲ့သေးတယ် မလား။နစ်ချာရှိုင်းရဲ့ လက်မောင်းကို သူမ ဆုပ်ကိုင်ပြီး..
"ယမှုံ...ကိုကိုနဲ့ ပြန်အဆင်ပြေချင်တယ်...ယမှုံဆီ ပြန်လာလို့ရမလားဟင်"
ယမှုံဖက်ကိုင်ထားတဲ့ သူ့လက်မောင်က ငွေယမှုံလက်ကို ကျန်လက်တစ်ဖက်ဖြင့် ဖြုတ်ချလိုက်၏။
ပြီးတော့ တည်ကြည်တဲ့ မျက်နှာထားဖြင့် ငွေယမှုံအား ကြည့်ကာ.."ကိုယ်အရင်ကလို ...ပြန်မနေချင်ဘူး...မင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ ဆက်ပြီး ရှိနေချင်တယ်..မင်းအကူအညီလိုရင် ..ကိုယ့်ကို ခေါ်လိုက်...ကိုယ်ကူညီမယ်.."
ငွေယမှုံ မျက်လွှာ အောက်ချပြီး..ငိုရှိုက်လိုက်၏။
"အဟင့်"
ငွေယမှုံ ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို သူသုတ်ပေးလိုက်သည်။
"လိုက်ပို့ပေးမယ်..."
"ဟုတ်.."
သူအရင် ထသွားပြီး ငွေယမှုံက အနောက်မှ လိုက်ပါလာခဲ့သည်။
ငွေယမှုံအိမ်ကို အရောက်ပို့ပေးပြီး...ပြန်လာဖို့အလုပ်..ငွေယမှုံက အိမ်ထဲခနဝင်ဖို့ ခေါ်သည်။
"မဝင်တော့ပါဘူး...မိန်းကလေး တစ်ယောက်တည်းရှိတဲ့ အိမ်ကို ယောင်္ကျားလေးတစ်ယောက်ဝင်တာ သိရင် ပတ်ဝန်ကျင်က ပြောစရာဖြစ်မယ်...မင်းလဲ အိမ်ထဲဝင်တော့"
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။