ရွှေရည်ယွန်ထည်နှင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြအောင် ...အဖေနဲ့အမေ ရွှေရည်ယွန်းထည်ရဲ့ မိခင်တို့က ခေတ္တ ရှောင်ပေးကြသည်။
"နင်က ခုထိ ဆယ်တန်းတက်တုန်းဆို .."
ယောင်္ကျားလေးတစ်ယောက်ကဲ့သို့ စကားပြောလာတဲ့ သူမကို ပင်းရဲရင့် ကြည့်လိုက်ပြီး အနည်ငယ်ပြုံးပြကာ..
"ဆိုပါတော့ "
"ဘာလို့လဲ ...ငါဆို တစ်နှစ်တည်းနဲ့အောင်တာ နင့်အကြောင်းကို အန်တီကပြောပြပြီးသားဆိုတော့ သိပြီးသား "
"ဒါပေါ့ ..ငါအကြောင်းလူတိုင်းသိကြတာ..ငါကျတော့ သူတို့အကြောင်းတွေ မသိဘူး စိတ်လည်းမဝင်စားဘူး "
သူ့အပြောကို ရွှေရည်ယွန်းထည် မျက်နှာတင်းမာစွာ သူ့ကို စူးစိုက်ကြည့်လိုက်တယ်။ သူမကိုကြည့်ရတာ ကျေနပ်ပုံမပေါ် ။
"နင်နဲ့ငါ့ကို လူကြီးတွေက စေ့စပ်ကြတော့မယ် ဆိုတာ သိတယ်မလား"
"မသိဘူး.. စိတ်မဝင်စားဘူး "
"ငါကတော့ စိတ်ဝင်စားတယ် ..နင့်ကို"
"ဘာ!!"
မိမိကို စိတ်ပျက်အောင် ဘုကလန် ပြန်ပြောနေပေမယ့် ..စိတ်မျပင်တဲ့အပြင် စိတ်ဝင်စားတယ်လို့ ပြောလာတာကြောင့် သူအံ့ဩသွားရတယ်။
"အရင်ဆုံး ငါတို့တွေ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြမလား "
"မလုပ်ချင်ပါဘူး...မင်းနာမည်ကိုသိပြီးသားပဲ "
"မတူဘူးလေ ..အခုက ကိုယ်တိုင်ပြန်ပြီး မိတ်ဆက်မှာ ....ငါကအရင် မိတ်ဆက်မယ်...ငါ့နာမည်က ရွှေရည်ယွန်းထည် ..တက္ကသိုလ် ပထမနှစ် ပြီးးတော့ နင့်ရဲ့ အနာဂါတ် သူတိုးသမီးလောင်းလေးပေါ့ ""ဘာ..သူတိုးသမီးလောင်း..အဟမ်း ရီတောင်ရီချင်သွားတယ်.."
"ငါတော့ နင့်ကိုကြိုက်သွားပြီး...ခုကစပြီး နင်စိတ်ဝင်စားလာအောင် ကြိုးစားတော့မှာမို့...အာ ခုကတည်းက ရင်းရင်းနှီးနှီးဖြစ်အောင် အဖျားစွတ်ခေါ်မယ်လေ...နင်က ငါ့ကို ယွန်းလို့ခေါ်.."
"မခေါ်ဘူး..နောက်လဲ ရင်းနှီးဖို့မရှိဘူး.."
"ရတယ်လေ...ငါကတော့ နင်နဲ့ ပိုရင်နှီးအောင် ကြိုးစားမှာ "
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။