"အိပ်ချင်တယ် "အိပ်ချင်မူးတူးပုံစံလေးနဲ့ ဦးနစ်ရဲ့ အင်္ကျီစလေးကို ဆွဲကာ ပြောနေလေသည်။
"အိပ်ချင်ရင် ကုတင်ပေါ် လှဲနေလိုက်လေ ...ကိုယ်လုပ်စရာလေး ရှိလို့ "
"ဟင်အင်း.. ဖက်အိပ်ပေး "
"ကလေးလားကွာ "
"ဒါဆို ကလေးလို့ဘာလို့ ခေါ်နေသေးလဲ "
အတိတ်မေ့နေတဲ့သူပြောနေတာလေးတွေက ပြန်မှတ်မိနေသလို ချွဲတတ်လွန်းနေသည်။
"မြန်မြန်လေး အိပ်ချင်နေပြီး အိပ်ရေးပျက်လို့ ဘာမှ လုံးဝပြန်မမှတ်မိရင် ဘယ်လိုလုပ်မလဲ ..အဲ့ဒါဆို လက်မထပ်ရတော့ဘူး"
ပြောနေတဲ့ ပုံစံလေးက ပြန်မှတ်မိတဲ့ ပုံစံလည်း မဟုတ် ။ ဒါပေမယ့်လဲ ပင်းရဲရင့် အရင်က ချွဲနေသလို ချွဲနေတာကြောင့် သူဇဝေဇဝါဖြစ်နေရသည်။
"အဲ့ဒါဆို မင်းသိတဲ့ ကိုယ်ကြိုက်တတ်တာလေး တစ်ခုလောက်ပြောပြ ဒါဆို ဖက်အိပ်ပေးမယ် "
"အတိတ်မေ့နေတဲ့သူကို ဘာတွေလာမေးတာလဲ .."
"တကယ်လို ကိုယ်လက်ထပ်ရမဲ့သူက ကလေးမဟုတ်ဘဲ တစ်ခြားတစ်ယောက်ဆိုရင်ရော ဘယ်လိုလုပ်မလဲ ..ကလေးက အတိတ်မေ့နေတာလေ "
"အဲ့ဒါကြောင့်ပြောတာပေါ့ ..မြန်မြန်ဖက်အိပ်ပေး..အကုန်လုံးပြန်မှတ်မိချင်တယ် ..မြန်မြန် .."
ခြေထောက်လေးကိုဆောင့်ကာ စကားချွဲချွဲလေးနဲ့ တောင်းဆိုလိုနေသည်။ ဒါကြောင့်လဲ ရင်ခွင်ထဲ ထွေးပွေ့ကာ ဖက်အိပ်ပေးလိုက်ရသည်။ အသက်ဘေးနဲ့ လွတ်ကင်းလာတာမကြာသေးလို့လဲ ထပ်ဆုံးရှုံးရမှာ စိုးရိပ်သည်။
အတိတ်မေ့နေလို့လဲ အရင်က ဆူငေါက်လို့လဲ မရ။ ဆူပြန်ရင်လဲ ဘာမှမသိတဲ့ ကလေးတစ်ယောက်ကို ဆူနေသလိုဖြစ်မယ်။ ဒါပေမယ့်လဲ ချစ်တဲ့စိတ်က သူအလိုလို အလိုလိုက်မိပြီးသားဖြစ်နေ၏။ဦးနစ်အိမ်ကို ပင်းရဲရင့် တစ်ပတ်တိတိ နေပြီး အိမ်ပြန်နေတယ်။ တစ်ခါတလေ အိမ်မှာ နေတယ်တစ်ခါတလေ ဦးနစ် အိမ်ကို တစ်လှည့်စီလိုက်နေတယ်။ နေကောင်းနေပြီးဆိုပေမယ့် အတိတ်မေ့နေသေးတာကြောင့်လည်း လူနာတစ်ယောက်လို အိမ်က လူတွေက သူ့ကိုမြင်နေသေးတယ်။ သူဘာပဲ လုပ်ချင်လုပ်ချင် မိဘတွေရော ဦးနစ်ပါ အလိုလိုက်ခွင့်ပြုနေ၍ ပင်းရဲရင့် အကျေနပ်ကြီး ကျေနပ်သည်။ သူတစ်ယောက်တည်း ကို အုပ်ထိန်းသူ သုံးယောက်တောင် ရှိတာဆိုတော့ ..သုံးဆလောက် အချစ်ခံနေရသည်။
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။