စနေနေ့ ...
မနက် နစ်ချာရှိုင်းနိုးလာတော့ ဘေးကုတင်မှ ပင်းရဲရင့်သုခ ရှိရာ ဘက်ဆီ လှမ်းမျှော်အကြည့် ကုတင်ထက်တွေ ပင်းရဲရင့်မရှိ၍ သူသည်လည်း အိမ်ယာပေါ်မှ အလျင်လိုစွာ ထလိုက်၏။
ရေအိမ်သွားသည်အထင်ဖြင့် တအောင့်လောက်စောင့်နေပေမယ့် ပြန်ထွက်မလာတာကြောင့် ရေအိမ်ရှိရာဘက်ဆီ သွားကြည့်တော့ မတွေ။နံရံမှာ ကပ်ထားတဲ့ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ၆နာရီ ဝန်းကျင်ပဲ ရှိသေးသည်ကို ညွှန်ပြနေတာကြောင့် အောက်ထပ်မှာ ရှိမလားဆိုပြီး အောက်ထပ်ကို လှေကားထစ်အတိုင်း ဆင်းလာခဲ့လိုက်သည်။
အောက်ထပ် မီးဖိုချောင်မှာ စကားပြောသံ သဲသဲ ကြားလိုက်ရ၍ ခြေလှမ်းတို့ကို ရပ်ပြီး နားစွင့်နေလိုက်၏။
ဒီအချိန်ဆို အန်တီညိုက နိုးနေပြီး ဖြစ်လို့ အောက်ထပ်မှာ မီးတွေ လင်းနေသည်။
ပင်းရဲရင့်သုခ ကတော့ အန်တီညိုနှင့်အတူ စကားတပြောပြောဖြင့် ရှိနေသည်။ဒီအချိန်ဆို မထတတ်တဲ့ ကောင်လေးက ဘာလို့ဒီအချိန် အစောကြီးထရတာလဲ ဟု၍ တွေးလိုက်မိ၏။
မီးဖိုခန်းရှိရာဘက် လှမ်းကြည့်တော့ ..အန်တီညိုကို ကြက်သွန်ဖြူ/နီ ငရုပ်သီး ကူထောင်းပေးပြီး အန်တီညိုနဲ့ သူငယ်ချင်းလို စကားပြောလို့နေသည်။"ဘာလုပ်နေတာလဲ"
သိနေတာတောင် သက်သက်မေးလိုက်၏။
"ငရုပ်သီးထောင်းနေတာ..ဟမ်း"
အစက ရုတ်တရက် ဆိုတော့ အန်တီညိုမေးတာထင်ပြီး ဖြေလိုက်ပေမယ့် ဦးနစ်အသံမှန်း သိ၍ နောက်လှည့်ကြည့်လိုက်၏။
ငရုပ်သီးထောင်းနေရင်းမှ လှည့်အကြည့် ဦးနစ်ရဲ့ ကြည့်ကောင်းလွန်းတဲ့ မျက်နှာကို မြင်လိုက်ရတော့ ရင်တောင်တုန်တက်သွားရ၏။
"ဦးနစ်"
"Omm"
"ဘာလဲ"ဆိုတဲ့ အကြည့်ဖြင့်။
"အန်တီညိုကို ဈေးသွားရင် ခေါ်ပါဆိုလို့လေ ..အန်တီညိုကို ကူနေတာလေ"
ဟင်းရွက်ချွေနေသော အန်တီညိုက ဝင်ပြော၏။
"ဘာလို့ မနက်ဈေးသွားချင်ရတာလဲ"
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။