အရင်က ခံစားခဲ့ရတဲ့ စိတ်ကျဝေဒနာက အခုပြန်ခံစားနေရပြီး။ အချစ်နဲ့ပတ်သတ်ရင် သတ္တိမရှိတဲ့စိတ် ၊ အဆက်မပြတ် ဝမ်းနည်းမှုတွေကို ခံစားလာရခြင်း၊ တစုံတရာ မှာ စိတ်ဝင်စားမှုနည်းလာတယ်။စိတ်အလိုမကျတာတွေ ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲ့မဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ရခက်လာတယ်။ အဲ့ဒါကြောင့်လည်း ဆရာဝန်နဲ့ ပြပြီး ကုသနေရတယ်။
သူ့ဝေဒနာကို ကူညီကုသပေးဖို့ မိသားစုလည်း မရှိ။ တစ်ကိုယ်တည်းသာ နေရတာကြောင့်လည်း သူ့ဝေဒနာကို ဘယ်သူ့ကိုမှမပြောဖြစ်။ ဘယ်သူမှလည်း သူဒီလို ခံစားနေရတာတွေကို မသိရှိကြ။ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးတည်းသာသိရှိတယ်။
အရင်တစ်ခါ အိမ်ကို ဆရာဝန်လာခဲ့သေးတယ်။ သူ့ဝေဒနာအတွက် ဆွေးနွေးတိုင်ပင်နေတုန်း ပင်းရဲရင့်ရောက်လာတာကြောင့် ပြန်လွတ်ခဲ့ရတယ်။
ပင်း သူ့အတွက် ဟင်းလာပို့ပေးတဲ့နေ့ကလည်း တိုက်ဆိုင်စွာ သူ ဆေးရုံကိုသွားလို့ အဆုံဖြစ်ကြ။ လက်ထဲမှာ ရှိနေတဲ့ ဆေးမှတ်တမ်းနဲ့ ပြုလုပ်ရမဲ့ ဆရာဝန်ရဲ့ လမ်းညွှန်းချက်များနှင့် သောက်ရမဲ့ ဆေးများရှိနေသည်။ သက်ပြင်းကို အကြိမ်ကြိမ်ချနေမိ၏။
ခုတလောတလော သူဘာမှမလုပ် အိမ်မှာသာနေ၏။ ပန်းခင်းရှိရာကို မသွားဖြစ်သည်မှာလည်း ကြာခဲ့ပြီး။ ဆရာဝန်ရဲ့ လမ်းညွှန်းချက်အတိုင်း နေဖို့ဆုံးဖြတ်လိုက်တယ်။ မိမိစိတ်ကို မိမိကိုယ်တိုင်ကပဲ ပြုပြင်ရပေမည်။အချိန်တွေ ကုန်လာတာ တစ်လ နှစ်လလောက်နီးပါရှိနေပြီး။ သူခံစားနေရတာကလဲ ..အခြေအနေကောင်းလာစပြုနေပြီး။ ခါတိုင်းလို ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အခန်းထဲကနေ အောက်ထပ်ကို ဆင်းလာခဲ့တယ်။ သူဆင်းလာရင်း ဧည်ခန်း ဆိုဖာပေါ်မြင်ရတဲ့ သူနှစ်ယောက်ကို မြင်ရသည်။ ထိုသူနှစ်ယောက်က ပင်းရဲရင့်သုခနှင် ရွှေရည်ယွန်းထည်တို့ဖြစ်တယ်။ လက်ချင်းချိတ်လျက်ဖြင့် သူ့ကိုလှမ်းကြည့်နေကြသည်။
"ရောက်လာကြတာကိုတောင် မသိဘူး ..ကိစ္စရှိလို့လား "
သူအရင် စကားစမေးလိုက်တယ်။ သူ့အေမးကို ပင်းရဲရင့်က ..
"ဟုတ်တယ် ဦးနစ် ..ဗုဒ္ဓဟူးနေ့ကျရင် ကျွန်တော့်ဇနီးလောင်းလေးရဲ့မွေးနေ့လေ ဦးနစ်ကို လာစေချင်လို့ လာဖိတ်တာ "
YOU ARE READING
ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်
Fanfiction(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ်ပုဒ်သာသာ။