Part -7

1.4K 62 10
                                    


ည၈ နာရီအချိန် ကား အနည်းငယ်သာ ပြေးလွှားနေတော့တဲ့ လမ်းမထက်‌တွေ Toyota ကားအပြာရောင် တစ်စီးသည်လည်း ပြေးလွှားလျက်ရှိနေသည်။

ကားထဲတွေ...

"ဦးနစ် .."

"အင်"

"ဦးနစ် မိန်းမယူမှာလားဟင် "

"ဒါတွေက မင်းစိတ် ဝင်စားရမဲ့ ကိစ္စ မဟုတ်ဘူး "

သူ့အိမ်ကနေ ဉီးနစ်အိမ်အပြန်မှာ သူအတွေးတွေများနေခဲ့ တယ် ။ခုမှ သူ့ရဲ့ လှုပ်ရှားတတ်ခါစ နှလုံးသားလေး က ဦးနစ်ကြောင့်မို့သာ ရန်ခုန်တတ်ခါစ လူငယ်တစ်ယောက်လို ဖြစ်နေခဲ့တယ်။ ဦးနစ်သာ လက်ထပ်သွားရင် သူ့ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေတော့မှာ အမှန်။

"ကျွန်တော့ကို ဖြေပေးပါ"

"အဲ့ဒါက ကြိုတင်တွေးထားလို့ရတဲ့အရာမဟုတ်ဘူး ..တစ်ခါတလေ ကိုယ်မှန်းထားတဲ့ သူနဲ့ လွဲရတာမျိုးလဲ ရှိတယ်မလား .."

"ဒါဆို ဦးနစ် မယူဘူးမလား "

"မသေချာသေးဘူး"

"ဟင် .."

"ဘာလို မေးတာလဲ ‌မင်းလဲ တစ်ချိန်ကျရင် ယူမှာပဲလေ..ဒါပေမယ့် အခုချိန်မှာ အဲ့ဒါတွေကို စိတ်မဝင်စားတာ အကောင်းဆုံးပဲ မင်းက ငယ်သေးတယ်"

"ဒါပေမယ့် "

"အင် .ဒါပေမယ့် "

"ကျွန်တော် အရင်က ဗေဒင် မေးဖူးတယ် "

"အင် "

"ဗေဒင်ဆရာက ပြောတယ် ကျွန်တော့်ရဲ့ အချစ်စစ်က ကျွန်တော်ဘက်က အရင်စချစ်မှ အချစ်စစ်ဖြစ်မှာတဲ့ "

"အင် အဲ့ဒီတော့ "

"ကျွန်တော်အရင်က ရည်းစားများခဲ့ တယ် .ဒါပေမယ့် ‌ဘယ်တစ်ယောက်ကို မှ ချစ်တယ်လို့ စပြီး မပြောဖူးဘူး "

"ပြီးတော့ "

"ကျွန်တော် အရင်က ပြောလေ့ရှိတဲ့ စကားက ချစ်တယ် ဆိုတဲ့ စကားကို ကျွန်တော့်ဘက်က စပြောရမဲ့ စကားမဟုတ်စေရဘူးလို့ ဆိုပြီးတော့လေ "

"အင် "

"ဒီတစ်ခါ ကျွန်တော် အဲ့ဒီစကားအတိုင်း ထိန်းထားနိုင်ပါ့မလား  မဖြစ်နိုင်ဘူးဆိုပြီး ကျွန်တော့်ကို ငြင်းလေမလား"

ဦးနစ်ရဲ့ အဆိုးလေးကျွန်တော်Where stories live. Discover now