တူး

767 105 46
                                    

တောင်ကိုရီးယားနိုင်ငံရဲ့ရာသီဥတုက သိပ်ကိုသာယာကြည်နူးဖွယ်ကောင်းနေတယ် အေးနေပေမယ့် မနေနိုင်လောက်အောင်အေးတာမျိုးလည်းမဟုတ်ပဲ စိမ့်စိမ့်လေးပေါ့ ..
နှင်းစက်လေးတွေက ကျတယ်ဆိုရုံလှလှပပလေးကျဆင်းနေပြီး ရှူမညီးစရာမြင်ကွင်းမျိုးပေါ့...
ထိုအလှတရားကိုစိတ်မဝင်စားနိုင်ပဲ လှုပ်ရှားသွားလာနေကြတဲ့လူအုပ်ကြီးက ဘန်ထန်းအင်တာတိမ်းမန့်ရှေ့မှာအစုအရုံး....

"သူပဲလား

"အင်း လုပ်ချလိုက်ပြန်ပြီ

"သူတို့နှစ်ယောက်ကိုဘယ်လိုထိန်းရမလဲ ငါတကယ်မသိတော့ဘူး ပြိုင်စရာအဲလောက်တောင်ရှားလား

ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ကြယ်ပွင့်လေးတွေမွေးထုတ်ပေးထားနိုင်တဲ့ ဒီအင်တာတိမ်းမန့်ကြီးရဲ့ ဦးဆောင်သူသုံးဦးခေါင်းဆိုင်နေရသည့်နေ့ဖြစ်သည်။ ပြသနာကိုမီးခွက်ထွန်းရှာထားသည့်သူကတော့ သူမဟုတ်လေဟန်နှင့် သေချာပေါက် အိပ်မောကျနေလိမ့်မည်.....

"ဆက်သွယ်လို့ရလား

"မရသေးဘူး

ကိုယ့်ခေါင်းကိုယ်ဆွဲဖွရင်းဖြေလိုက်တဲ့သူက ဖက်ရှင်နဲ့ပတ်သတ်ရင် အရမ်းအထိမခံနိုင်သည့် ဘန်ထန်းအင်တာတိန်းမန့်၏ ဖက်ရှင်ကင်း (ဝါ) official choreographer တစ်ဦးဖြစ်တဲ့ ဂျောင်ဟိုဆော့...

"ဘယ်လိုလုပ်မလဲ သတင်းထောက်တွေက အရမ်းကိုများနေတာ ငါတို့ လုံခြုံရေးတွေကိုရှင်းခိုင်းလိုက်ရင်တော့ သေချာပေါက် သတင်းက ကြီးသထက်ကြီးတော့မှာ

သွေးအေးအေးနှင့် စိတ်ပျက်လက်ပျက်ပြောကာ အလုပ်ခုံကနေထပြီး ဆိုဖာပေါ်လှဲချလိုက်သည့်သူကတော့ ထိုကုမ္ဗဏီ၏ အဓိကထောက်တိုင်ဖြစ်သည့်အပြင် ရေးသမျှပေါက် ထုတ်သမျှ တော့ပ်တန်းဝင်သည့် သီချင်းရေးဆရာ (ဝါ) ထုတ်လုပ်သူ မင်ယွန်းဂီ....

"အဲဒါဟုတ်တယ် ငါလည်းချက်ချင်းကြီးအဖြေမရှာနိုင်သေးတာအမှန်ပဲ သူ့ကလည်းဖုန်းမကိုင်သေးဘူး ငါတို့ဘာသာပဲဇာတ်လမ်းထွင်ပြီးဖြေရှင်းထားပြီးမှ သူကတခြားပြောလိုက်ရင် သတင်းက ပိုဆိုးသွားမှာ အဲဒီလိုဆို ပိုထိန်းရခက်သွားမယ်

တဂျက်ဂျက်Where stories live. Discover now