တက္ကသိုလ်ပထမဆုံးတက်သည့်နေ့.....
"ဂျီမင်နီးလေး ငါတို့တွေလွတ်လပ်ပြီကွ ရေးးး
လက်သီးလက်မောင်းတန်းကာလျှောက်အော်နေသောဂျင်က မသိရင် အရင်ကတော့ အိမ်ကထိန်းသိမ်းခံထားရသည့် ဗိုင်းကောင်းကျောက်ပိလိုလိုနဲ့၊
"မင်းကဘယ်တုန်းကမလွတ်လပ်ဖူးလို့လဲ
နှုတ်ခမ်းတလန်ပန်းတလန်နှင့်ပြောလာသည့်ဂျီမင်ကိုကြည့်ပြီး သူဖီလ်းပျက်သွားသည်၊ သူ့မှာဇာတ်လမ်းတွေထဲကလို တက္ကသိုလ်စတက်တာနဲ့ အဲလိုပုံစံလေးလုပ်ကြည့်ချင်တာကို ချစ်လှစွာသောတစ်ဦးတည်းရှိသည့်သူငယ်ချင်းက တုတ်ထိုးအိုးပေါက်....
လူလိုပဲ စိတ်လည်းပုတယ်..."မင်းကလေ ကောင်းကောင်းမွန်မွန်ပြောရင်ဘာဖြစ်မှာမို့တုန်း ၊ ဒီသူငယ်ချင်းလေးတစ်ယောက်ရှိတာကို စိတ်ချမ်းသာအောင် ရေလိုက်ငါးလိုက်နေပေးလို့မရဘူးလား
"မရဘူး
တုံးတိပြောပြီးရှေ့ကထွက်သွားသည့်ခြေတိုလေးနောက် အမှီလိုက်ရသည်၊ သူ့မှာသူငယ်ချင်းဆိုလို့ မူးလို့ရှူစရာတောင် ဒီတစ်ယောက်ပဲရှိသည်လေ ၊ သူရောဂျီမင်ရောက လူရွေးသည်မို့ သူတို့အချင်းချင်းကလွဲအပေါင်းအသင်းမလုပ်ကြ။ ဒါကြောင့်လည်း ဒီလူပုစိတ်တိုလေးကို သူ့မှာ သည်းခံပေါင်းသင်းနေရတာ...
"နေပါဦးဟ
"ဂျီမင် မင်းပြော ငါတို့ဘယ်သွားကြမလဲ"ဘာကိုဘယ်သွားမှာလဲ
ပြီတီတီနဲ့ကြည့်နေတဲ့ကင်မ်ဆော့ဂျင်ဆိုသူကြောင့် သူ့ခြေလှမ်းတွေကိုအတန်းဆောင်ဘက်သာမြန်မြန်သွက်သွက်လှည့်လိုက်တယ်၊ သူကပထမရက်ကတည်းကကျောင်းလစ်ဖို့တွေးနေပြီ ဟူးးး ငါလည်းဒုက္ခ သူငယ်ချင်းလေးတစ်ယောက်ရှိပါတယ်၊ ဘယ်အချိန်ထိ ကလေးလိုလိုက်ထိန်းပေးနေရဦးမှာလဲ၊ ကင်မ်ဆော့ဂျင်ကိုနိုင်မယ့်တစ်ယောက်လောက် ဘယ်တော့မှပေါ်လာမှာလဲလောကကြီးလို့သာ အော်အော်ပြီးမေးလိုက်ချင်တော့တာပဲ.....
"ဂျီမင်လို့
"မရဘူးနော် မင်းပဲ အနုပညာကျောင်းတက်မှာ တအားတက်ချင်လွန်းလို့တပိုင်းသေနေပါပြီဆိုပြီး ငါ့ကိုပါဇွတ်လိုက်တက်ခိုင်းထားပြီး
YOU ARE READING
တဂျက်ဂျက်
Fiksi Penggemarမျက်ပြူးကများ လူကိုလာပြောချင်နေသေးတယ် မင်းကလည်းနှုတ်ခမ်းထူနေတာကို ဂုဏ်ယူမနေနဲ့ တစ်စက်လေးတောင်ကြည့်မကောင်းဘူးနော်