သာ့တိ

550 89 205
                                    

တိုက်ရိုက်ထုတ်လွှင့်နေသည့်အစီအစဉ်ကိုကြည့်ရင်း ဂျင်တစ်ယောက်တည်းမျက်ရည်တွေဖြိုင်ဖြိုင်ကျနေမိသည်။ To the bone သီချင်းကို ခံစားချက်အပြည့်ဖြင့်သီဆိုရင်း မျက်ရည်တောင်ကျသွားလိုက်သေးသည်။

သူ့ကိုသိပ်ချစ်တာပဲလားမင်း...

ဂျင်နဲ့ထယ်ယောင်းက မနေ့ကအစီအစဉ်တစ်ခုတူတူရိုက်ပြီး ဒီနေ့ကျအဆောင်မှာနားနေကြသည်။ မကြာခင် ဇာတ်လမ်းတွဲရိုက်ကူးရေးကစတော့မည်..
အမှန်တိုင်းပြောရရင် ထယ်ယောင်းနဲ့တွဲရိုက်ရမှာ စိတ်ထဲအဆင်မပြေပေ။
အရင်ကတည်းကအရမ်းမရင်းနီးကြတာအပြင် ရင်းနီးတဲ့ဂျီမင်နဲ့အတူရိုက်ရရင်တောင် ဂျောင်ကုနဲ့လိုတော့ အဆင်ပြေမှာမဟုတ်ဘူး...

သို့သော်လည်း သူအနိုင်မယူချင်တော့..
အရင်ကစိတ်နဲဆို ဂျောင်ကုကိုအနှောက်အယှက်ပေးဖို့အတွက် ကဖျက်ကယက်လိုက်လုပ်မှာဆိုပေမယ့် အခုကကျ သူ့စိတ်တွေကအရင်လိုမှမဟုတ်တော့ပဲလေ...

ဒီအတောအတွင်း ဂျောင်ကုနဲ့သူ့ကြားမှာ ခံစားချက်တစုံတရာပေါက်ဖွားနေခဲ့တယ်လို့တွေးခဲ့မိတာ သူ့တဖက်သတ်အတွေးတွေပဲ...
ဂျောင်ကုက သူ့ကိုဒီတိုင်းဂရုစိုက်ပေးခဲ့ရုံကို သူကသာပျော်ဝင်သွားခဲ့တာ..
ဘယ်အချိန်ကစလဲ ဘယ်လိုကြောင့်လဲမသိပေမယ့် သူသိတဲ့အချိန်မှာ နှုတ်မရအောင်နစ်ဝင်နေခဲ့ပြီ..
ဂျောင်ကုကိုချစ်မိနေပြီ....

သူ့ခံစားချက်တွေကိုသူသေချာသိလာခဲ့တာက အဲဒီနေ့က...

အဲဒီနေ့ကပဲ သူ့အသည်းကတစစီကြေမွသွားခဲ့တာ......

သူ့ကိုအစစအရာရာဂရုစိုက်ပေးတတ်တဲ့သူကို သူ့နည်းတူခံစားချက်တွေရှိနေမှာပဲလို့တွေးလိုက်မိတာ..
သူ့ကိုစားစရာတွေပြင်ပေး အအေးကြောက်တတ်လို့အနွေးခင်းကအစအဆင်သင့်ရှိနေခဲ့တော့ ရင်တွေခုန်ရတာဆိုတာ အတိုင်းအဆမဲ့...
သတိလက်လွတ်ဖြစ်နေတုန်းမှာ အခန်းထဲပြေးဝင်သွားတဲ့သူကြောင့် သူလည်းစိတ်မပါတော့တဲ့ဂိမ်းကို ခနလောက်ဆက်ဆော့နေခဲ့သေးသည်။
တကယ်ဆို ဂိမ်းကိုသာဆက်ဆော့နေခဲ့သင့်တာ...
သူနဲ့အတူတူခေါက်ဆွဲစားဖို့ ဂျောင်ကုအခန်းထိသွားခေါ်ဖို့မတွေးခဲ့သင့်ဘူး..
အဲလိုဆို သူလည်းခုလိုနာကျင်ရမှာမဟုတ်ဘူးမလား...

တဂျက်ဂျက်Where stories live. Discover now