"အဲဒီတော့ ဒီနေ့လည်းမအားကြဘူးပေါ့..
ထယ်ယောင်းထုတ်ငြီးလိုက်မိသည်။ ခုရက်ပိုင်းသူတို့လေးယောက်လုံး အားချိန်ရယ်လို့ကိုမရှိတာ...
ဇာတ်ကားက အတော်လေးအောင်မြင်သွားသည်ပြောရမည်။ တချို့ဆုပေးပွဲတွေမှာတော့ ဆန်ကာတင်စာရင်းထဲတောင်ပါနေပြီဖြစ်သည်။ အဲဒါတွေကြောင့်ရော ပရိသတ်တွေ၏တောင်းဆိုမှုတွေကြောင့်ပါ သူတို့လေးယောက်လုံး နောက်ထပ်ဇာတ်လမ်းတွေလက်မခံဖြစ်သေးပဲ လောလောဆယ်မှာ ပရိုမိုးရှင်းပွဲတွေကိုသာဆက်တိုက်လုပ်နေရသည်။ ပရိသတ်တွေ့ဆုံပွဲတွေကသူတို့ပျော်ရွှင်ရသော်ငြား အတော်လေးပင်ပန်းသည်။ ရသစုံရှိုးတွေမှာပါဝင်ရတာတွေကလည်း တော်ရုံတော့မဟုတ် ..
လုပ်စရာတွေနည်းနည်းပါးသွားပြီဆိုပြီးနားမလို့ကြံကာရှိသေး မန်နေဂျာဟျောင်းကသူ့ဆီရောက်လာကာ ပွဲတက်အတွက်ပြင်ဆင်ခိုင်းနေပြန်သည်။ ကျန်တဲ့သုံးယောက်ကိုလည်း သူပဲပြောလိုက်ပါလို့ကမှာသွားသေးသည်...စိတ်ညစ်စရာအကြောင်းအရာကိုမျှဝေဖို့ဆို အရင်ဆုံးသတိရတာက အချစ်ဆုံးသူငယ်ချင်းကိုပင်။
ဂျောင်ကုအခန်းကိုသာအရင်ခြေဦးလှည့်လိုက်ကာ တံခါးခေါက်တာတွေဘာညာတွေလုပ်မနေတော့ပဲ ဒီတိုင်းသာဝင်လာခဲ့တော့သည်..သူဝင်လာတော့ အိပ်ယာပေါ်တွင် ဘေးတစ်စောင်းအနေအထားနဲ့လှဲနေသူကြောင့် အိပ်နေသလားမသိတာမို့ ခြေသံဖွဖွနှင့်သာလျှောက်လာလိုက်ရင်း အနီးရောက်မှ ခြေထောက်နဲ့ကန်နှိုးလိုက်သည်။
"ထဦးဂျောင်ကု ဒီနေ့ပွဲတက်ရှိတယ်တဲ့ပြင်ဆင်ရမှာ
သူပြောသည်ကိုတော့ဘာမှပြန်မပြောပါပဲ ခြေထောက်နဲ့သာအကြောင်းပြန်လိုက်သူကြောင့် ကုတင်အောက်သို့ပြုတ်ကျသွားရသည်။
"အ
"နိုးရင်လည်းထ မင်းရဲ့ဂျင်ကိုသွားပြောလိုက်ဦး ငါလည်းဂျီမင်ကိုသွားပြောလိုက်မယ် ကြားလား..
ကန်ခံရတာကိုမကျေနပ်သော်လည်း သူတို့က ဒီလိုပဲမိတ်ဆက်နေကျဆိုတော့ရိုးနေပြီ..
နောက်ပြီး သူတို့ကဘယ်တော့မှလည်းအဲလိုကိစ္စတွေကြောင့်နဲ့ မင်းရယ်ငါရယ်ဖြစ်မနေဘူး..
ငယ်ပေါင်းတွေဖြစ်သလို ပေါင်းစရာကလည်း သူနဲ့ကိုယ်ပဲရှိသည်မို့ သူလည်းပြောချင်ရာပြော ကိုယ်လည်းလုပ်ချင်ရာလုပ်ပဲ...
![](https://img.wattpad.com/cover/343065455-288-k523036.jpg)
YOU ARE READING
တဂျက်ဂျက်
Fanficမျက်ပြူးကများ လူကိုလာပြောချင်နေသေးတယ် မင်းကလည်းနှုတ်ခမ်းထူနေတာကို ဂုဏ်ယူမနေနဲ့ တစ်စက်လေးတောင်ကြည့်မကောင်းဘူးနော်