သာ့တိသရီး

370 63 19
                                    

စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။
ချစ်ခြင်းမေတ္တာတွေထပ်တူကျဖို့ဆိုတာကခက်ခဲတယ်တဲ့။ ဘယ်လောက်ထိခက်ခဲသလဲဆိုရင် လူအဖြစ်ရဖို့ခက်ခဲသလောက်နည်းပါးပဲတဲ့။ လူအဖြစ်ရဖို့က ကောင်းကင်ကအပ်တစ်စင်းနဲ့မြေပြင်ကအပ်တစ်စင်းထိဖို့လောက်ခက်ခဲပါတယ်လို့ကြားဖူးသည်မို့ ချစ်ရသူနဲ့ခံစားချက်ခြင်းထပ်တူကျသည့်အခြေအနေဟာ ဘယ်လောက်တောင်မှမြတ်နိုးဖွယ်ရာပါလဲ။

ဘဝတစ်လျှောက်လုံးကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ပြီး ချစ်ခြင်းမေတ္တာဆိုတာကို မိသားစုနဲ့ဖန်တွေဆီကနေပဲရနေကျလို့သာတွေးထားခဲ့ရာကနေ ခုလိုမထင်မှတ်ပဲ မတွေးဖူးတဲ့သူဆီက သူမတူတဲ့မေတ္တာဓာတ်တွေကို အအုံအကျင်းနဲ့ရတဲ့အခါ လူကလေပေါ်ကနေမဆင်းချင်တော့။ တစ်လောကလုံးကိုကြေညာပစ်ချင်သည်အထိ ကင်မ်ဆော့ဂျင်ဘဝင်မြင့်နေပါသည်...

မနေ့ကအထင်လွဲမှုအသေးစားလေးဖြစ်ပေါ်ပြီးတဲ့နောက် နှစ်ယောက်ရဲ့အခြေအနေကတိုးတက်လာခဲ့သည်မှာ တဟုန်ထိုး။
ဂျောင်ကုကကိုယ့်ကိုဂရုစိုက်တတ်မှန်းကိုသိထားပြီးသားဆိုပေမယ့် ခုလိုထုတ်ဖော်ပြသနေတာမြင်ရတော့ ရင်တွေထဲတလှပ်လှပ်။
ချစ်ခြင်းမေတ္တာဟာ ဤနည်းဤပုံဖြစ်နေကြောင်းကို ဆော့ဂျင်ကိုပေးသိစေသူဟာ တစ်မိုးအောက်တစ်ယောက်ဂျွန်ဂျောင်ကုသာ။

လက်ဖဝါးနှစ်ခုက ဆင်ကော်နဲ့ကပ်ထားသလိုကိုထပ်ကြပ်မကွာ။ ခြေလှမ်းတွေညီချက်က ပေတံနှင့်တိုင်းလျှောက်နေသလို၊ မျက်နှာနှစ်ခုထက်ကအပြုံးတို့ကလည်းမသိမ်းနိုင်မဆည်းနိုင်။ မနက်မိုးလင်းသည်နှင့် ပြင်ဆင်ပြီး တစ်ယောက်လက်တစ်ယောက်ကျစ်ကျစ်ပါအောင်ဆွဲလို့ထွက်ခဲ့ကြတာ အေဂျင်စီရှိရာ။ 
မန်နေဂျာဟျောင်းတို့ကိုမခေါ်ထားတာမို့ driver seat လုဖို့လည်းမမေ့။ 
လုပုံလုနည်းတူသော်လည်း အကြောင်းပြချက်ကတော့မတူတော့ ။ အရင်ကဆို driver seat မှာထိုင်တဲ့သူက top ပဲဆိုပြီးလုခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာကတော့ ချစ်ရသူပင်ပန်းမည်စိုး၍ပင်။ ချစ်ရတာဒီလောက်ပျော်စရာကောင်းမှန်းသိရင် ဟိုးငယ်ငယ်လေးကတည်းကချစ်ခဲ့ပါသည်ဟုတွေးမိသည်ကအခါခါ။ ဘဝကြီးက ချစ်ရသူရှိလာတဲ့အခါ ပိုမိုအဓိပ္ပာယ်ရှိလာပြီး သဘာဝတရားကြီးကပါ ပိုမိုလှပလာသည်။ နေချင်စရာကောင်းလာသည့်နေ့ရက်တွေဟာ ဘေးကချစ်ရသူကြောင့်ဆိုတာသေချာလာတော့ အရာရာကိုရင်ဆိုင်ဖို့အားတွေဖြစ်ခဲ့ရသည်။ 

တဂျက်ဂျက်Where stories live. Discover now