တွမ့်တိ

447 82 55
                                    

ဆော့ဂျင်နှင့်ဂျောင်ကု ဆိုလ်းကိုပြန်ရောက်ကြတော့ ဟျောင်းတို့ဆီပဲတန်းသွားလိုက်ကြသည်။ သူတို့နှစ်ယောက် တစ်ကားတည်းအတူစီးလာကြတာမြင်တော့ သူတို့ကိုခုမှမြင်ဖူးတဲ့သူတွေလို အထူးအဆန်းကြည့်နေကြသေးသည်။ သူမောင်းမယ်ငါမောင်းမယ်ကိစ္စနဲ့ တစ်ပွဲတစ်လမ်းဖြစ်ခဲ့ကြသေးလားလို့ ဟျောင်းတို့ဝိုင်းမေးမှ သူသတိရသည် ...
**သူမေ့သွားတာနဲ့ ထိုကောင်က ပိုပြီးယောကျ်ားဆန်တဲ့သူဖြစ်သွားပြီ*

သူတို့ပင်ပန်းခဲ့ကြတာမို့ ကုမ္ဗဏီအနေနဲ့ သူတို့လေးယောက်လုံးကို နားရက်ပေးထားလို့ သူ၏ချစ်လှစွာသောသူငယ်ချင်းလေးက သူ့ကိုမစောင့်ပဲပြန်နှင့်ပြီတဲ့လေ။ အားကိုးရတဲ့ကောင်....
သူတို့နှစ်ယောက်လည်း အနားယူချင်ကြပြီမို့ ဖြေရှင်းစရာများကိုနောက်ရွှေ့ကာ အိမ်ကိုသာပြန်ခဲ့ကြတော့သည်။ တစ်ပတ်လောက်တော့ အိမ်ပြန်ပြီးအေးဆေးနှပ်လို့ရပြီမို့ နှစ်ယောက်သားရန်ဖြစ်ဖို့တောင်သတိမရပဲ အမြန်ပြန်ခဲ့ကြသည်။ သူတို့မိဘတွေက အရင်ကတည်းကအိမ်ချင်းကပ်လျက်မို့ ကားကတော့ တစ်စီးတည်းသုံးဖြစ်ကြသည်။ အိမ်ပြန်ရာလမ်းတွင်လည်း ထူးဆန်းစွာပင် ကင်မ်ဆော့ဂျင်တို့ ကားလုမောင်းဖို့အာရုံမရှိပဲ အိပ်လိုက်ခဲ့သည်...

သူတို့အိမ်ပြန်ရောက်တော့ နေတောင်ဝင်နေပြီမို့ ကားပေါ်တွင်အိပ်မောကျနေသူကို အိပ်ယာပေါ်ထိပွေ့သွားလိုက်ကာ သူလည်းအခန်းပြန်နားလိုက်တော့သည်...
အန်တီကင်မ်တို့ကိုတော့ နှုတ်ခမ်းထူသူ့အိမ်မှာအိပ်မည်ဟုသာဖုန်းဆက်ထားလိုက်သည်။ 
မထူးလည်း ကင်မ်ဆော့ဂျင်တို့က သူ့အိမ်သူပြန်တဲ့အချိန်ကရှားသည်ကို ...
ဂျွန်မားမားနဲ့ပိုတည့်သည့်နှုတ်ခမ်းထူက သူ့အိမ်မှာဆို လူတကာကိုပက်ချွဲနှပ်ချွဲလုပ်ကာ လိုတရသည်မို့လေ....
အန်တီကင်မ်ကကျ သူ့သားကို တစ်ဦးတည်းသောသားဖြစ်သော်လည်း သိပ်မျက်နှာသာမပေး ...
အိမ်ကလူတွေကသာ အငယ်ဆုံးဖြစ်တဲ့သူက မချွဲတတ် လူမကပ်တတ်တော့ သူ့အစားနှုတ်ခမ်းထူကိုသာပိုချစ်ကြတာ....
သူ့မမဆို နိုင်ငံရပ်ခြားကနေ တခါတလေလေးအိမ်ပြန်လာရင်တောင် နှုတ်ခမ်းထူတို့နဲ့ပဲအချိန်ကုန်တာ ..
လက်ဆောင်တွေဆိုတာလည်း လက်နှစ်ဖက်နဲ့အပြည့်ပေးတတ်သည်။ ထိုအခါ‌တွေဆို နှုတ်ခမ်းထူတို့ရုပ်ကက တလောကလုံးမှာအဖြူစင်ဆုံးနှင့်ချစ်စရာအကောင်းဆုံး..
တတ်ပဲတတ်နိုင်တဲ့ကောင်...

တဂျက်ဂျက်Where stories live. Discover now