တွမ့်တိဝမ်း

476 74 52
                                    

သူတို့နားရက်ပြည့်လို့ အားလုံးကွန်ဒိုကိုပြန်ရောက်နေကြပြီ..
ကမ်းလှမ်းထားတာတွေထဲက သူတို့နဲ့အဆင်ပြေတာတွေကိုလက်ခံလိုက်ကြပြီး ပြီးခဲ့တဲ့ကားအတွက် ပရိုမိုးရှင်းပွဲတွေလည်း အဆက်မပြတ်လုပ်နေကြရသည်မို့ အားချိန်လို့ရယ်မရှိ..
ခက်ခက်ခဲခဲရိုက်ခဲ့ရသလောက် ရလဒ်ကလည်း အတော်လေးကျေနပ်စရာပင်။ ပရိသတ်တွေက သူတို့ရဲ့ပထမဆုံးခြေလှမ်းလေးကို သေချာအသိအမှတ်ပြုပေးကြသည်...
သူတို့လေးယောက်လုံးသော်လည်းကောင်း နှစ်ယောက်ချင်းစီခွဲ၍သော်လည်းကောင်း ကြော်ငြာကမ်းလှမ်းမှုတွေဆိုတာလည်း ဒုနဲ့ဒေး..

သူတို့နှစ်ယောက်ကို ခုလိုမျိုးပုံစံနဲ့သဘောကျသူများကလည်း မထင်ထားလောက်အောင်ပင်များပြားလွန်းနေသည်။ သူတို့လေးယောက်ကို ပတ်ပတ်လည်ရှစ်နေကြသည့် ဖန်ပေ့ချ်တွေဆိုတာ နည်းတာမဟုတ်...
ဂျင်ကု .. ကုဂျင်...
ထယ်ဂျင်....ဗွီမင်...ဂျင်မင်...ထယ်ကု.... ဂျီကု... စသဖြင့်
လေးယောက်ထဲရှိလို့သာတော်တော့သည်။ ပရိသတ်တွေက ခုလိုလက်ခံချစ်ခင်ပေးကြတော့ သူတို့လေးယောက်လုံးတင်မကပဲ သူတို့ရဲ့အုပ်ထိန်းသူတွေဖြစ်ကြသည့် ဟျောင်းသုံးယောက်ကပါ အရမ်းကိုစိတ်ပျော်ရွှင်နေကြသည်...
သူတို့မှာ ပင်ပန်းတာတောင်မှ ချစ်ကြတဲ့သူတွေကြောင့် မမောနိုင်မပန်းနိုင်ပင် ဖန်မိတင်း တွေကိုမပျက်မကွက်တက်ကြသည်...

ဒီနေ့လည်းသူတို့ပွဲတစ်ခုမှာရောက်နေကြသည်။ ဇာတ်လမ်းတွဲပရိုမိုးရှင်းအပြင် နောက်ထပ်လက်ခံမည့်ဇာတ်လမ်းတွဲအတွက်ပါ ကြိုတင်ပရိုမိုးရှင်းသဘောမျိုးပင်....
အလုပ်တွေလုပ်ရတာနဲ့အမျှ ဂျီမင်နဲ့တောင်မတွေ့ရသလောက်ပင်...
ဆော့ဂျင်အားချိန်ဆို ဂျီမင်ကရှူတင်သွားနေရတာမျိုးဖြစ်နေတတ်သည်..
ဂျီမင်နဲ့ထယ်ယောင်းက အရင်ကားတုန်းက ဇာတ်ဆောင်သဘောမျိုးတွေမို့ ခုကတော့ သူတို့နဲ့မတွဲတော့ပဲ သူတို့နှစ်ယောက်တည်းသီးသန့်ဇာတ်လမ်းပင်။ သူတို့လည်းဘာထူးလဲ သူနဲ့မျက်ပြူးလည်း ခုဇာတ်လမ်းတွဲတစ်ခုလက်ခံထားလိုက်ပြီလေ... ကျောင်းသားဇာတ်လမ်းလေးပဲကိုမှ နည်းနည်းငယ်ရွယ်တဲ့အချစ်နဲ့အသက်အရွယ်ရပြီးနောက်ချစ်ခြင်းမေတ္တာကိုဘယ်လိုဆက်လက်ထိန်းသိမ်းကြလဲဆိုတာကို ကြည်ကြည်နူးနူးပုံစံလေးရိုက်ကြမှာဖြစ်၍ ပရိသတ်တွေသဘောကျလိမ့်ဦးမည်ဟုထင်သည်။

တဂျက်ဂျက်Where stories live. Discover now