သာ့တိဖိုးအော

505 65 34
                                    

*နာနာ* 
စိတ်ထဲကရေရွတ်ရင်းပြန်တွေးမိတော့ ကလေးဘဝမှတ်ဉာဏ်တွေရဲ့တစ်ထောင့်တစ်နေရာမှာရှိခဲ့ဖူးတဲ့ကလေးမလေး။
သူတို့နှစ်ယောက်က ဒီထက်ပိုပြီးစောစောမတွဲဖြစ်ခဲ့တဲ့အကြောင်းက သူမလည်းအပါအဝင်ဖြစ်ပါလိမ့်မယ်။ ဘယ်နှစ်နှစ်သားတုန်းကလည်းမသိခဲ့ပေမယ့် အဲဒီအချိန်တုန်းက နှစ်ယောက်အပြိုင်လုခဲ့ဖူးတာကိုတော့သေချာမှတ်မိပါသည်။ ချစ်၏မချစ်၏ဆိုတဲ့ခံစားချက်ကိုအဲဒီအချိန်တုန်းက တကယ်ခံစားတတ်ခဲ့လားတော့မသိ။ အခုအချိန်မှာတော့ ဘေးမှာထိုင်နေတဲ့ချစ်ရသူလေး၏မျက်စောင်းတွေကို ပေါပေါများများလက်ခံရရှိနေပါပြီ။

"ဂျွန်ဂျောင်ကုနဲ့ကင်မ်ဆော့ဂျင်လို့နာမည်တွေကြားကတည်းကငါကမှတ်မိနေတာ 
တိုက်တိုက်ဆိုင်ဆိုင်ပဲ နင်တို့ကငါ့အကိုနဲ့မှအလုပ်တွဲလုပ်နေရတယ်လို့ဟယ် 
ငယ်သူငယ်ချင်းတွေဆိုတော့ တကယ်ကိုပြန်တွေ့ချင်နေတာရယ်

ရှေ့တည့်တည့်ကနေ ရွှန်းရွှန်းဝေအောင်နှုတ်ဆက်နေသူကိုပြုံးပြရင်း ဘေးကနှုတ်ခမ်းစူနေသူလေးကိုပါအကဲခတ်ရသေးသည်။ *မသိချင်ဟန်ဆောင်လိုက်သင့်လား အလိုက်သင့်ပြန်နှုတ်ဆက်သင့်လား*ဆိုတာကိုဂျောင်ကုအတော်လေးခေါင်းစားနေပြီ။

မူကြိုတုန်းကကိစ္စကြောင့်နဲ့သာကိုယ့်ကိုရစ်မယ်ဆိုရင်တော့ သည်းမခံနိုင်ဘူးနော်ဒီလူက မကျေနပ်မချင်းချော့ပစ်မှာ။

"ငါ့ကိုတော့မှတ်မိကြတယ်မလားဟင် 
ငါတို့အခန်းရှေ့မှာတောင်နင်တို့နှစ်ယောက်ရန်ဖြစ်ပြီးငိုကြသေးတယ်လေ တန်းခွဲစီက သွားကြိုးလေးတွေနဲ့လေဟာ ဂုတ်ဝဲလေးနဲ့

သွားစိပြလိုက် လက်ကိုဂုတ်ဝဲပုံစံလေး လည်ပင်းနားကိုဟန်ပြလိုက်နှင့်သူမက နှစ်ယောက်လုံးမမှတ်မိမချင်းဆက်ပြောနေဦးမယ့်ပုံပင်။ မောင်နှမနှစ်ယောက်ကလိုက်ဖက်လွန်းပါသည်။ ယွန်းဂီဟျောင်းက တေမိထုံးနှလုံးမူသလောက် သူ့ညီမကသာလိကာနဲ့မျောက်မျိုးစပ်ထားသလိုပင်။

"အင်း ငါမှတ်မိပါတယ် နာနာမလား တန်းခွဲစီက 

ဆော့ဂျင်မနေနိုင်တော့တာမို့ မှတ်မိကြောင်းပြောလိုက်တော့မှ ဟုတ်တယ်မလားဆိုသည့်ပုံစံဖြင့် ကိုယ့်ကိုပြုံးပြလာသည်။ လူတစ်ယောက်ကိုကြည့်လိုက်ရုံနဲ့ သူ့စိတ်ထဲထိမြင်တတ်တာတော့မဟုတ်ပေမယ့် အဲဒီလိုရိုးရှင်းတဲ့သူတွေရှိတယ်မဟုတ်လား တခါမြင်ဖူးရုံလောက် စကားနည်းနည်းပြောဖူးရုံလောက်နဲ့ကို သူ့စိတ်အနေအထားကိုခန့်မှန်းနိုင်လောက်အောင်ပွင့်လင်းတဲ့သူတွေ။ နာနာကအဲလိုအုပ်စုထဲမှာပါသည်။ ပုံစံလေးက အရွယ်နဲ့လိုက်အောင် ကြွကြွရွရွလေးလှသည်။ တက်ကြွနေသည့်ဟန်ပန်လေးက သူ့ကိုပိုကြည့်ကောင်းစေသည်။ 

တဂျက်ဂျက်Where stories live. Discover now