ဂျောင်ကုရှူတင်ကပြန်ကတည်းက ရေချိုးအဝတ်းအစားလဲပြီး ဧည့်ခန်းထဲတွင်တီဗွီထိုင်ကြည့်နေတာဖြစ်သည်။ အချိန်အားဖြင့်ဆို တစ်နာရီလောက်ထိုင်ပြီးပေမယ့် မျှော်နေသူရည်းစားလေးကတော့ရောက်မလာသေး...
လွမ်းနေပြီဆို...
မတွေ့ရတဲ့စက္ကန့်ပေါင်းများစွာမှာ သူရူးတော့မလိုပဲ..."ကျွီ....
တံခါးဖွင့်သံကြားသည်နှင့်တပြိုင်နက် သူ့ခေါင်းကတံခါးမှာသွားချိတ်လောက်တဲ့ထိ အားပြင်းပြင်းလှည့်ကြည့်လိုက်တော့ သူ့ရည်းစားလေးနဲ့အကြည့်ချင်းဆုံသည်။
အား....ရင်တွေခုန်လိုက်တာနော်..."ဂျောင်ကု မင်းဘယ်သွားမလို့လဲ...
သူ့ရှေ့က သူ့ကိုကြည့်ပြီးသူ့ကိုမမြင်တဲ့ကောင်၏ ဇက်ပိုးကို ထယ်ယောင်းဖြောင်းကနဲရိုက်လိုက်သည်။ ဒါတောင်ဒီကောင်ကအပြုံးမပျက်...
ရုပ်က ဆေးကွဲနေသည့်ရုပ်နှင့်..ခုချိန်ဓားနဲ့ထိုးသွားတောင်သိလိုက်ပါ့မလား...
ဟူး...သနားစရာတွေ...နှစ်တစ်ထောင်အက်ဖ်အေတွေရည်းစားရရင် သိပ်သိသာတာပဲ.."ဟိတ်ကောင် မေးနေတာဖြေ သွားရည်တွေလည်းသုတ်လိုက်ဦး...
သူပြောတော့ ယောင်တောင်တောင်နဲ့တကယ်လက်ခေါက်နဲ့သုတ်နေသေးသည်။ ဒီကောင်ဆေးမမှီတော့ပေ...
ခုမှရည်းစားထားဖူးမှန်းသိသာလိုက်ကြတာကွာ..ငါရှက်လိုက်တာမင်းတို့အစား..."ဝတ်ကောင်းစားလှတွေနဲ့ဘယ်သွားမှာလဲလို့ လဒရဲ့..
"ဟင်...
ထယ်ယောင်းပြောမှသူ့ကိုယ်သူငုံ့ကြည့်ကာ ပြန်ပြောလာသည့်စကားကြောင့် ကြားထဲကထယ်ယောင်းပဲသွေးတက်ရသည်။
*ဘယ်သွားရမှာလဲ ဒါအိမ်နေရင်းပုံစံပဲလေ*တဲ့..
dinner suit အပြည့်ဝတ်ထားကာ necktie ပါတပ်ထားလိုက်သေးသည်။ နားမှာလည်း နားကပ်ပေါင်းစုံ...ဘယ်နှစ်ဆင်စာဝတ်ထားသည်မသိ..
စီးထားသည့်ဖိနပ်ကလည်း သားရည်ဖိနပ်ကိုမှ ဟိုနေ့ကမှဝယ်ထားသည့်အသစ်...
ဧည့်ခန်းတစ်ခုလုံးက ရေမွှေးပင်လယ်လိုပင်..အသက်ရှူတိုင်းအနံ့တထောင်းထောင်း...သင်းသင်းလေးသာရသည့်ရေမွှေးက ခုချိန်မှာ ထောင်းကနဲဖြစ်နေကတည်းက ရေမွှေးပုလင်းမှောက်ချထားမှန်းသိသာစေသည်။
YOU ARE READING
တဂျက်ဂျက်
Фанфикမျက်ပြူးကများ လူကိုလာပြောချင်နေသေးတယ် မင်းကလည်းနှုတ်ခမ်းထူနေတာကို ဂုဏ်ယူမနေနဲ့ တစ်စက်လေးတောင်ကြည့်မကောင်းဘူးနော်